အာမခံအကာအကွယ်ယူထား စိတ်လက်ပေါ့ပါး ခရီးသွား

မြန်မာနိုင်ငံဟာ အရင်ကထက် အများကြီး ပိုမိုတိုးတက် ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံအတွင်းက လူတွေဟာလည်း ပြည်တွင်းမှာရော ပြည်ပကိုပါ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ခရီးသွားနေကြပါပြီ။ ခရီးသွားတဲ့အခါမှာ ကိုယ့်အတွက် ဆန်းသစ်တဲ့ အတွေ့အကြုံသစ်တွေရရှိနိုင်သလို မျှော်လင့်မထားတဲ့ အခက်အခဲတွေနဲ့ အန္တရာယ်တွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ အလုပ်ခရီးသွားတာပဲဖြစ်ဖြစ်၊ မိဘဆွေမျိုးတွေဆီ အလည်သွားတာပဲဖြစ်ဖြစ်၊ အပျော်ခရီးထွက်တာပဲဖြစ်ဖြစ် ခရီးစဉ်အစအဆုံး လုံခြုံမှုရှိရှိနဲ့ စိတ်လက်ပေါ့ပါးစေလိုတာ ကျွန်တော်တို့ရဲ့ ဆန္ဒပါ။

ထူးခြားချက်များ

  • ဒီအာမခံက ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်း ခရီးသွားလာနေချိန်အတွင်းမှာ မျှော်လင့်မထားနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ မတော်တဆဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့အတွက် အကာအကွယ်ပေးပါတယ်။
  • ခရီးတိုဖြစ်ဖြစ်၊ ခရီးရှည်ဖြစ်ဖြစ် မတော်တဆမှုဆိုတာ အချိန်မရွေးဖြစ်နိုင်တာမို့ ခရီးသွားရက်ကြာချိန်အလိုက် အာမခံအကာအကွယ်ရယူရန် ၁ရက်ခရီးစဉ်မှစပြီး ၃လ ခရီးစဉ်အထိဝယ်ယူလို့ရပါတယ်။ ပရီမီယံကြေးအနေနဲ့ တစ်ယူနစ် ကျပ်တစ်ရာမှ စတင်ဝယ်ယူနိုင်ပါတယ်။
  • ကျွန်တော်တို့အနေနဲ့အာမခံထားရာမှာရော လျော်ကြေးပေးရာမှာပါ  ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးပြီး လိုအပ်တဲ့အချိန်မှာ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံပဲမို့ သင်ဘယ်ကိုသွားသွား စိတ်ချလုံခြုံမှုကို ခံစားရမှာပါ။

အဓိကအကျိုးခံစားခွင့်များ

ဆေးရုံတက်ကုသခြင်းအတွက် – ဆေးရုံတက်ကုသခြင်းအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။

ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ်အခြေခံ၍ အကျိုးခံစားခွင့်ထုတ်ပေးခြင်း။

ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရှိရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိရရှိနိုင်ခြင်း။

သေဆုံမှုအကျိုးခံစားခွင့် – သေဆုံးခြင်း သို့မဟုတ် ထာဝရမသန်စွမ်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်း ထုတ်ပေးခြင်း။

အွန်လိုင်းမှ ဝယ်ယူရန်
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်