feature-image

အထူးခရီးသွားအာမခံ ဆိုတာဘာလဲ?

အထူးခရီးသွားအာမခံနဲ့သာဆိုရင် ခရီးသွားနေစဥ် မမျှော်လင့်ထားတဲ့ မတော်တဆမှုအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အကာအကွယ်ပေးမှာဖြစ်ပြီး သင်ကိုယ်တိုင်ရော သင့်ခရီးသည်တွေပါ စိတ်လုံခြုံမှုကိုခံစားရမှာဖြစ်ပါတယ်။

ဒီပေါ်လစီက ခရီးတို၊ ခရီးရှည် နှစ်မျိုးလုံးအတွက် သင့်တော်ပြီး ခရီးသွားစဥ် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်များကြောင့် ဖြစ်ပေါ်လာမယ့် ထိခိုက်နစ်နာမှုတွေကို ကူညီလျှော့ချပေးသွားမှာပါ။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

အသက်အရွယ်မရွေးထားရှိနိုင်ပါသည်

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

(၁) ယူနစ်

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်

အဓိက အကျိုးခံစားခွင့်များ

  • ဆေးရုံတက် ကုသခြင်းအတွက် – ဆေးရုံတက် ကုသခြင်းအတွက် အပတ်စဉ် ငွေကြေး အကျိုးခံစားခွင့်ကို ၅၂ ပတ်အထိ ရရှိနိုင်ခြင်း။
  • ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် – ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် အာမခံထားငွေ၏ ၈၀% ကိုထုတ်ပေးခြင်း။
  • ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။
  • သေဆုံးမှုအကျိုးခံစားခွင့် – သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

အဓိက ထူးခြားချက်များ

ခရီးသွားနေချိန် အတောအတွင်းမှာ မျှော်လင့်မထားနိုင်သော အခြေအနေများ ဖြစ်တဲ့ မတော်တဆမှုဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတို့အားလုံးအတွက် အကာအကွယ်ပေးပါတယ်။ ထိခိုက်ဒဏ်ရာရရှိလို့ အလုပ်မလုပ်နိုင်တဲ့ အခါမှာ ဆုံးရှုံးရတဲ့ ဝင်ငွေကိုလည်း ထောက်ပံ့ကူညီပေးမှာပါ။

ကျွန်တော်တို့အနေနဲ့ အာမခံထားရာမှာရော လျော်ကြေးပေးရာမှာပါ ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ အစီအစဉ်တွေနဲ့ဆောင်ရွက်ပေးပြီး ခရီးစဉ်တစ်ခုလုံးစာအတွက် ပေးသွင်းရမယ့် ပရီမီယံနှုန်းထားက အရမ်းကိုသက်သာပါတယ်။

နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

အထူးခရီးသွား အာမခံကို ပြည်ပခရီးစဥ်အတွက် မဝယ်ယူနိုင်ပါ။

ရီးစဥ်အတွင်း အာမခံထားသူ၏   မတော်တဆမှုကြောင့်လည်းကောင်း၊ စီးနင်းလိုက်ပါလာသော ယာဥ်၏ မတော်တဆမှုကြောင့်လည်းကောင်း ထိခိုက်ဒဏ်ရာရရှိပါက ကုသပေးသည့် ဆရာဝန်ထောက်ခံချက်ပေါ် အခြေခံ၍ အကျိုးခံစားခွင့်နှုန်းထား အတိုင်းခံစားခွင့်ရှိပါသည်။

GGI Nippon Life ၏ အထူးခရီးသွား အာမခံနှင့် ချိတ်ဆက်ထားသောကားဂိတ်များတွင် ကားလက်မှတ် ဝယ်ယူခြင်းဖြင့် ရရှိနိုင်ပါသည်။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

စုပေါင်းအသက်အာမခံ

ကျွန်တော်တို့ရဲ့ စုပေါင်းအသက်အာမခံဟာ သင့်ဝန်ထမ်းတွေ မမျှော်လင့်ဘဲအသက်ဆုံးရှုံးမှု၊ ထာဝစဉ် မသန်စွမ်း ဖြစ်မှု

အထူးခရီးသွားအာမခံ

အထူးခရီးသွားအာမခံကိုသာ ရယူလိုက်ပါ။ မိတ်ဆွေတို့ရဲ့ကားများပေါ်က ခရီးသည်တစ်ဦးချင်းစီအတွက် ခရီးသွားအာမခံ အကာအကွယ်ပေးသွားမှာပါ။

အစုအဖွဲ့

အစုအဖွဲ့အာမခံပေါ်လစီဆိုတာ ပြင်းထန်သော ရောဂါကုသမှုအာမခံ၊ ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ စတဲ့ အာမခံသုံးမျိုးပါဝင်တဲ့ ပေါ်လစီဖြစ်ပါတယ်။