feature-image

အစုအဖွဲ့ – ကျန်းမာရေး၊ ပြင်းထန်သောရောဂါကုသမှုနှင့် စုပေါင်းအသက်အာမခံ ဆိုတာဘာလဲ?

အစုအဖွဲ့အာမခံပေါ်လစီဆိုတာ ပြင်းထန်သော ရောဂါကုသမှုအာမခံ၊ ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ စတဲ့ အာမခံသုံးမျိုးပါဝင်တဲ့ ပေါ်လစီဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် ကိုယ့်လုပ်ငန်းက အဖိုးတန် ဝန်ထမ်းတွေအတွက် ပေါ်လစီတစ်ခုတည်းနဲ့ အာမခံသုံးမျိုးကို ရရှိနိုင်တဲ့အတွက်ကြောင့် အရမ်းကိုအဆင်ပြေတဲ့ ပေါ်လစီပါပဲ။

ကျွန်တော်တို့အနေနဲ့ ဘယ်ပေါ်လစီအတွက်မဆို အာမခံထားရာမှာရော လျော်ကြေးပေးရာမှာပါ ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးတာဖြစ်လို့ သင့်ရဲ့အဖိုးတန်ဝန်ထမ်းများကို အပြည့်အဝလုံခြုံမှုပေးနိုင်အောင် ရွေးချယ်သင့်တဲ့အာမခံအမျိုးအစားထဲ ပါဝင်ပါတယ်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

အသက် (၆) နှစ်မှ (၇၅) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

(၁) နှစ်

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

အနည်းဆုံး (၁) ယူနစ်မှ (၂၅) ယူနစ်အထိ

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

(၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ်

အဓိက အကျိုးခံစားခွင့်များ

ကျန်းမာရေးအာမခံ

အခြေခံ အာမခံအကာအကွယ်

  • ‌ဆေးရုံတက်ကုသခြင်းအတွက် နေ့စဉ်ဆေးရုံစရိတ်ထုတ်ပေးခြင်း။ (အများဆုံးရက်ပေါင်း၆ဝအထိသာ)။
  • ‌သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁)

  • ‌တစ်ကိုယ်လုံးမေ့ဆေး (သို့) ကိုယ်တစ်ပိုင်းထုံဆေးဖြင့် ခွဲစိတ်ကုသမှုခြင်းအတွက် ထုတ်ပေးခြင်း။
  • ‌ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဆေးရုံတက် ကုသခြင်းအတွက် ကုသစရိတ်ထုတ်ပေးခြင်း။

ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ် (၂)

  • ‌ပြင်ပလူနာအဖြစ် ဆေးရုံဆေးခန်းပြ ဆေးကုသမှုအတွက် အများဆုံး (၄)ကြိမ်အထိ ထုတ်ပေးခြင်း။

ပြင်းထန်သော ရောဂါကုသခြင်း

  • ‌ပြင်းထန်သောရောဂါ ၁ဝမျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် ဆေးရုံတက် ဆေးကုသသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။

အသက်အာမခံ

သေဆုံးမှုအကျိုးခံစားခွင့်

  • ‌သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

  • ‌ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေကို ထုတ်ပေးခြင်း။

ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်

  • ‌မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ် အခြေခံ၍ အကျိုးခံစားခွင့်ထုတ်ပေးခြင်း။

 

အဓိက ထူးခြားချက်များ

ကျန်းမာရေးအာမခံ

ဒီပေါ်လစီကတော့ ရောဂါဖြစ်ခြင်းနဲ့ မတော်တဆမှုဖြစ်ခြင်းကြောင့် ဆေးရုံတက်ကုသရတဲ့အခါ ကုန်ကျမယ့် ဆေးကုသစရိတ်တွေအတွက် အကာအကွယ်ပေးတာမို့ ငွေရေးကြေးရေးအတွက် ပူပန်နေစရာမလိုတော့ဘဲ ပြန်လည်ကျန်းမာလာဖို့ရာ အာရုံစိုက်နိုင်မှာပါ။ ဒါ့အပြင် ပြင်ပလူနာအဖြစ် ဆေးရုံဆေးခန်းပြ ဆေးကုသမှုအတွက် ကုန်ကျစရိတ်ကိုလည်း ထုတ်ပေးပါတယ်။

ပြင်းထန်သော ရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံက ကင်ဆာ၊ နှလုံးရပ်ခြင်းနဲ့ အဓိက ကိုယ်အင်္ဂါအစားထိုးကုသခြင်းတွေအပါအဝင် ပြင်းထန်တဲ့ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးပါတယ်။ ပြင်းထန်တဲ့ရောဂါ တစ်မျိုးမျိုးကို ကုသရတဲ့အခါပေးသွင်းထားတဲ့ ပရီမီယံကြေးကို တစ်လုံးတည်း အမြန်ဆုံးထုတ်ပေးမှာဖြစ်တဲ့အတွက် သင့်ဝန်ထမ်းပြန်လည်ကျန်းမာလာဖို့ စိတ်အေးလက်အေး ဆေးကုသနိုင်မှာပါ။

အသက်အာမခံ

အစုအဖွဲ့အသက်အာမခံက သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းတို့အတွက် အကာအကွယ်ပေးပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတွေကြောင့် သင့်ဝန်ထမ်း တစ်ခုခုဖြစ်သွားတဲ့အခါမှာ ပြန်လည်နာလန်ထူဖို့ လိုအပ်ငွေကို ဒီပေါ်လစီက ကူညီထောက်ပံ့သွားမှာပါ။

နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

အာမခံသက်တမ်းအတွင်း ဝန်ထမ်းအပြောင်းအလဲလုပ်လိုပါက နှုတ်ထွက်သွားသည့် ဝန်ထမ်းစာရင်းနှင့် အစားထိုးဝန်ထမ်းစာရင်းကို ပေးပို့ပြီး သက်ဆိုင်ရာဌာနမှ လိုအပ်သည့် လုပ်ငန်းအစီအစဉ်များ ကိုဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

အာမခံမထားခင် ဆေးစစ်ရမည့်စီစစ်ချက်များနှင့် ကိုက်ညီမှုရှိပြီး ဆေးစစ်ထားသည့် ကာလအပိုင်းအခြား မကြာသေးလျှင် စစ်ဆေးပြီးအချက်အလက်များဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။

ထိခိုက်ဒဏ်ရာရရှိမှုနှင့်အသက်ဆုံးရှုံးမှု ဖြစ်စဉ်မှာမတူညီခဲ့လျှင် အာမခံထားငွေအတိုင်း အကျိုးခံစားခွင့် ထပ်မံရရှိမှာဖြစ်ပါသည်။

အာမခံသက်တမ်းအတွင်း ဝန်ထမ်းနှုတ်ထွက်သွားခဲ့လျှင် အစားထိုးဝန်ထမ်းမရှိပါက ပရီမီယံကြေး ပြန်မရနိုင်ပါ။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

စုပေါင်းအသက်အာမခံ

ကျွန်တော်တို့ရဲ့ စုပေါင်းအသက်အာမခံဟာ သင့်ဝန်ထမ်းတွေ မမျှော်လင့်ဘဲအသက်ဆုံးရှုံးမှု၊ ထာဝစဉ် မသန်စွမ်း ဖြစ်မှု

အစုအဖွဲ့

အစုအဖွဲ့အာမခံပေါ်လစီဆိုတာ ပြင်းထန်သော ရောဂါကုသမှုအာမခံ၊ ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ စတဲ့ အာမခံသုံးမျိုးပါဝင်တဲ့ ပေါ်လစီဖြစ်ပါတယ်။

အထူးခရီးသွားအာမခံ

အထူးခရီးသွားအာမခံကိုသာ ရယူလိုက်ပါ။ မိတ်ဆွေတို့ရဲ့ကားများပေါ်က ခရီးသည်တစ်ဦးချင်းစီအတွက် ခရီးသွားအာမခံ အကာအကွယ်ပေးသွားမှာပါ။