ကျွန်ုပ်တို့ GGI Nippon Life ၏ ခံယူချက်မှာ အသက်အာမခံ ဝန်ဆောင်မှုသီးသန့်ပေးရုံတင်မဟုတ်ဘဲ အာမခံထားရှိသူတစ်ဦးချင်းစီ၏ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာနေအောင် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ပေးနိုင်ရန်ကြိုးစားလုပ်ဆောင်ရမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် GGI Nippon Life Joy Club ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဉ်သည် ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှား အားကစားအပြုအမှူများကို အခြေခံထားသော လူနေမှုဘဝအစီအစဉ်တစ်ခုဖြစ်ပြီး သင့်အား တက်ကြွလှုပ်ရှားနေစေအောင်၊ စိတ်ဖိစီးမှုလျော့ချစေအောင်၊ အားကစားဝါသနာတူသောသူများနှင့် ချိတ်ဆက်နိုင်အောင် အစရှိသည်တို့တွင် အထောက်အကူပြုစေရန်ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့ GGI Nippon Life မှ အာမခံထားရှိသူများနှင့် လက်တွဲလျက်ရှိသော ဆက်ဆံရေးသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကြောင့်သာမဟုတ်ဘဲ ပိုမိုနက်နဲသော ချစ်ကြည်ရေးအပေါ် အခြေခံထားသည်ဟု ယုံကြည်ပါသည်။ သင်၏ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာကျန်းမာရေးကို မြတ်နိုးတန်ဖိုးထားရုံသာမက ဘဝခရီးလမ်းတစ်လျှောက် ယုံကြည်အားထားနိုင်သော အကာအကွယ်အထောက်အပံ့တစ်ခု ဖြစ်နေချင်ပါသည်။ ထို့ကြောင့် GGI Nippon Life Running Program ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဥ်သည် သင့်အား စဉ်ဆက်မပြတ် လှုပ်ရှားနေစေဖို့၊ အားတက်နေစေဖို့၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ဆက်နွယ်နေစေဖို့ ရည်ရွယ်သည့် ကျန်းမာရေးအစီအစဉ်တစ်ခုပဲဖြစ်ပါသည်။
ကျွန်ုပ်တို့ GGI Nippon Life သည် အာမခံထားရှိသူများနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရာတွင် အပေါ်ယံမဟုတ်ဘဲလေးနက်သည့် ယုံကြည်မှုအပေါ်အခြေခံသော ဆက်ဆံရေးများကိုသာ တည်ဆောက်ရန် ကြိုးပန်းအားထုတ်လျက်ရှိပါသည်။ ထို့ကြောင့် GGI Nippon Life Yoga Program ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဉ်သည် သင့်အတွက် ခန္ဓာကိုယ်လှုပ်ရှားမှု၊ စိတ်အေးချမ်းမှုများပေးစွမ်းနိုင်သည့်အပြင် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်ပြီးဖန်တီးထားသော ကျန်းမာရေးလှုပ်ရှားမှု အတွေ့အကြုံတစ်ခုပဲဖြစ်ပါသည်။
ကျွန်ုပ်တို့ GGI Nippon Life တွင် အာမခံထားရှိသူများကို ပြန်လည်ဂရုစိုက်ပေးရာတွင် ဝန်ဆောင်မှုကောင်းများ ပေးအပ်ခြင်းသာမဟုတ်ဘဲ စိတ်အားတက်စေပြီး ချစ်ခင်ရင်းနှီးမှုကိုခံစားရစေသော အတွေ့အကြုံအသစ်များကိုပါ ဖန်တီးပေးချင်ပါသည်။ ထို့ကြောင့် GGI Nippon Life Zumba Program ကိုဂုဏ်ယူစွာဖြင့် စတင်မိတ်ဆက်လိုက်ပါပြီ။ ဤအစီအစဉ်သည် ကျွန်ုပ်တို့၏အာမခံထားရှိများအတွက် အထူးပြုလုပ်ဖန်တီးထားသည့် ပျော်ရွှင်ဖွယ်ရာအပြည့်နှင့် စွမ်းအင်ပြည့်ဝသော တက်တက်ကြွကြွ လှုပ်ရှားမှုများဖြင့် လေ့ကျင့်ခန်းအစီအစဉ်တစ်ခုဖြစ်ပါသည်။