သိလိုတာ ရှိပါသလား

သင်သိလိုသော မေးခွန်းများ၏အဖြေကို အောက်ဖော်ပြပါများမှ ရွေးချယ်ကြည့်ရှုနိုင်ပါသည်

အာမခံသက်တမ်းအတွင်း အာမခံထားသူ အသက်မဆုံးရှုံးဘဲ ပေါ်လစီဆက်လက်တည်မြဲနေပါက ပေါ်လစီရှင်သည် သတ်မှတ်ထားသည့် ကာလများတွင် ရှင်သန်မှု အကျိုးခံစားခွင့်အား ထုတ်ယူနိုင်ပါသည်။

ရှင်သန်မှုအကျိုးခံစားခွင့် အတိုးနှုန်းပြောင်းလဲမှုရှိသည့်အခါတွင် ကုမ္ပဏီ၏ Website မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

လိုအပ်သည့်အချက်အလက်များနှင့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်စွာဖြည့်စွက်ထားပါက ရုံးတက်ရက်(၅)ရက်အတွင်း နှစ်စေ့အကျိုးခံစားခွင့်ငွေအား တလုံးတည်း ထုတ်ယူနိုင်ပါသည်။

နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာ စသည့် ပြင်းထန်ရောဂါများအပြင်
မတော်တဆထိခိုက်မှုများအတွက် ခွဲစိတ်ကုသခြင်း၊ ဆေးရုံတက်ကုသခြင်း တို့အတွက်ပါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။

ဝယ်ယူပြီးအများဆုံး နောင်လာမည့်နှစ် ၂၀ အထိ အာမခံအကာအကွယ်ကို ရရှိမည်ဖြစ်ပါသည်။

ကင်ဆာရောဂါတင်မကပဲ အခြားသတ်မှတ်ထားသော ပြင်းထန်ရောဂါတွေအတွက်ပါ အကာအကွယ်ရရှိနိုင်ပါသည်။

ကင်းလွတ်ခွင့်ကာလဆိုတာ အာမခံဝယ်ယူသူများအတွက် အာမခံသက်တမ်းစတင်သည့်နေ့မှစ၍ (၂၁)ရက်အထိပေါ်လစီပယ်ဖျက်ခြင်း(သို့) ရပ်စဲခြင်းများ လုပ်ဆောင်နိုင်ဖို့အတွက် အခွင့်အရေးတစ်ရပ်အနေဖြင့် အာမခံဝယ်ယူသူအားပေးအပ်ထားခြင်းဖြစ််ပြီး ရပ်စဲမည်ဆိုပါက အဆိုပါအာမခံအမျိုးအစားအတွက် ပေးသွင်းထားသော ပရီမီယံငွေကို အာမခံဝယ်ယူထားသူထံသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။

အာမခံထားငွေ အနည်းဆုံး(၁၀)သိန်းကျပ်မှ စ၍ဝယ်ယူထားရှိနိုင်ပါသည်

ပရီမီယံကြေးများကို မိမိအဆင်ပြေ လွယ်ကူမှုအပေါ် မူတည်ပြီး (၁) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ် သို့မဟုတ် (၁) နှစ်တစ်ကြိမ် စိတ်ကြိုက် ရွေးချယ်ပေးသွင်းနိုင်ပါသည်။

ပေးချေရာတွင်လည်း Mobile Wallet များနှင့် Mobile Banking များမှ ပေးချေနိုင်သလို GGI Nippon Life Mobile Application ထဲမှ တိုက်ရိုက် လွယ်ကူမြန်ဆန် စိတ်ချစွာ ပေးချေနိုင်ပါသည်။

GGI Nippon Life Mobile Application Download ရယူရန် Link : https://q.me-qr.com/vxsfmz92

အသက်ဆုံးရှုံးခြင်း၊ ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းကိစ္စရပ်များ၏ ကုန်ကျစရိတ်များအား ငွေကြေးအရ အထောက်အပံ့ပေးနိုင်သည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။ ဒါ့အပြင် ကျန်းမာခြင်းသုခနှင့်ပြည့်စုံပါကလည်း သင့်မိသားစု၏လက်ရှိနေထိုင်သော လူနေမှုအဆင့်အတန်းအတိုင်း ဆက်လက်နေထိုင်နိုင်ရန် ကူညီပေးပြီး သင့်ကလေး၏ အနာဂါတ်ပညာရေးအတွက် စုဆောင်းမှုတစ်ခုအဖြစ် ကျန်ရှိနေမှာဖြစ်ပါသည်။

ကလေးအသက်ရက် (၃၀) မှ (၁၂) နှစ်အထိ ထားလို့ရပါသည်။

အသက်ရက် (၃၀) မှ (၃) နှစ်အထိကလေးငယ်များ မတော်တဆ အသက်ဆုံးရှုံးခဲ့ပါက အကျိုးခံစားခွင့်ငွေအဖြစ်အာမခံထားငွေ၏ ၂၅ % ရရှိမည်ဖြစ်ပြီး၊ (၃)နှစ်အထက်ကလေးငယ်များ မတော်တဆ အသက်ဆုံးရှုံးခဲ့လျှင် အကျိုးခံစားခွင့်ငွေအဖြစ် အာမခံထားငွေ၏ ၁၀၀ % အပြည့်ရရှိပါမည်။

အာမခံထားသူကလေးငယ်၏ အသက် (၁၇) နှစ်မှစ၍ အာမခံထားငွေ၏ ၂၅ % ကို ၄ ကြိမ်နှုန်းဖြင့် အညီအမျှခွဲ၍ ထုတ်ယူနိုင်ပါသည်။

  • ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ အခိုင်မာဆုံးနဲ့ အကောင်းဆုံးအသက်အာမခံကုမ္ပဏီ
  • ၂၀၁၉ ခုနှစ်တွင် ဂျပန်နိုင်ငံရဲ့နံပါတ်(၁) အသက်အာမခံကုမ္ပဏီဖြစ်တဲ့ Nippon Life နှင့်မိတ်ဖက်ကုမ္ပဏီအဖြစ်ဖွဲ့စည်းထားသော အသက်အာမခံ ကုမွဏီ
  • ၁၀၀ % အသက်အာမခံလျော်ကြေးပေးတာကြောင့် Customer များရဲ့စိတ်ကျေနပ်မှုကို အပြည့်အဝပေးစွမ်းနိုင်သော အကောင်းဆုံးအသက်အာမခံ ကုမ္ပဏီ
  • Insurance Asia Awards မှချီးမြှင့်သည့် International Life Insurer of the Year-Myanmar ဆုကို ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၄)နှစ်ဆက်တိုက် နှစ်စဉ်ဆုရရှိထားသည့် အကောင်းဆုံးအသက်အာမခံကုမ္ပဏီ

အသင့်တော်ဆုံးအသက်အာမခံကို

ရှာဖွေနေပါသလား

လူကြီးမင်းတို့ လိုအပ်တဲ့ အချိန်တိုင်းမှာ ကျွန်ုပ်တို့ဘက်က လိုအပ်တဲ့ အကူအညီနဲ့ ထောက်ပံ့မှုတွေကို ပေးအပ်ဖို့ အမြဲတမ်း အသင့်ရှိနေပါတယ်။

Image
Polygon