မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း တို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင် မြန်မာနိုင်ငံအတွင်းက လူလတ်တန်းစားမရွေး သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လွယ်ကူရှင်းလင်းမြန်ဆန်စွာ ဝယ်ယူနိုင်မယ့် အကောင်းဆုံးအသက်အာမခံဖြစ်ပါတယ်။
လွယ်ကူမြန်ဆန်အသက်အာမခံ ကိုထားရှိခြင်းဖြင့် မိမိ မိသားစုအနာဂတ်အတွက် လုံခြုံနွေးထွေးမှုကိုရရှိစေပြီး တန်ဖိုးထား ချစ်ခင်ရတဲ့မိသားစုဝင်တစ်ဦးဦး မမျှော်လင့်တဲ့အခြေအနေကို ကြုံတွေ့ရတဲ့အခါ မိသားစုဝင်အားလုံးရဲ့ အခြေခံလိုအပ်ချက်တွေကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
အသက် (၁၇) နှစ်မှ (၅၀) နှစ်အထိ
(၁) လမှ (၁) နှစ်အတွင်း
အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံး ကျပ်သိန်း (၁၀၀) အထိ
အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်
ရွေးချယ်စရာ (၁)
ရွေးချယ်စရာ (၂)
တစ်ဦးချင်းဖြစ်စေ/ ကုမ္ပဏီအဖွဲ့အစည်းမှ ဖြစ်စေထားရှိနိုင်ခြင်း
သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။
အုပ်စုအဖွဲ့နှင့်ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ ဝယ်ယူနိုင်ပါသည်။
အာမခံထားသူသည် အာမခံသက်တမ်းအတွင်း အသက်ဆုံးရှုံးပါက အာမခံထားငွေ၏ (၁၀၀%) ရရှိမည်ဖြစ်ပြီး မတော်တဆ ထိခိုက်မှုကြောင့် အသက်ဆုံးရှုံးပါက အာမခံထားငွေ၏ (၂၀၀%) ကို အကျိုးခံစားခွင့် ရရှိမည် ဖြစ်သည်။
သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။
လုပ်သားပြည်သူ အသက်အာမခံက အများပြည်သူတွေ အားထားရမယ့် အာမခံပါ။ မတော်တဆထိခိုက်မှုတွေကစပြီး ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ
လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ မိသားစုအကာအကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်
ဘဝလုံခြုံမှု စုငွေအာမခံထားတာက ငွေစုဆောင်းခြင်း တစ်မျိုးဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရှိပြီး ရေရှည်ငွေစုထား လိုတယ်ဆိုရင် ရွေးချယ်သင့်တဲ့ အာမခံပါပဲ။