feature-image

ချေးငွေပေးဆပ်မှုအကာအကွယ် အသက်အာမခံ ဆိုတာဘာလဲ

ချေးငွေပေးဆပ်မှုအကာအကွယ် အသက်အာမခံဟာ ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ ငွေချေးယူသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အရွယ်မတိုင်မီအသက်ဆုံးရှုံးခြင်းနဲ့ ထာဝစဉ်မသန်စွမ်းခြင်းတို့ ဖြစ်လာခဲ့ရင် အာမခံထားသူရဲ့ ပေးဆပ်ဖို့ရှိနေတဲ့ကြွေးမြီတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ပေးချေပေးမယ့် အသက်အာမခံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

အသက် (၁၈) နှစ်မှ (၆၄) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

အနည်းဆုံး (၁) နှစ်မှ အများဆုံး (၁၅) နှစ်အထိ

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

အနည်းဆုံး ကျပ် (၁) သိန်းမှ ကျပ်သိန်း (၃၀၀၀) အထိ

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်

အဓိက အကျိုးခံစားခွင့်များ

  • အသက်အာမခံထားသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခြင်း ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရင် အကျိုးခံစားခွင့်ရှိသူဆီ အာမခံထားငွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

အဓိက ထူးခြားချက်များ

အာမခံပေါ်လစီ သက်တမ်းတစ်ခုလုံးအတွက် ကျသင့်တဲ့ပရီမီယံကို တစ်ကြိမ်တည်းသာ ပေးချေဖို့ လိုအပ်ပါတယ်။

သင့်ချေးငွေကို ပြန်ဆပ်ရမယ့်အချိန်နဲ့ ကိုက်ညှိဖို့ တစ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ နှစ်သက်ရာ
သက်တမ်းကို ရွေးချယ်ပြီး အာမခံထားနိုင်ပါတယ်။

မူလချေးငွေပမာဏကို အပြည့်အဝပြန်ဆပ်ပေးတဲ့ အကာအကွယ်ဖြစ်စေ
ဒါမှမဟုတ် အာမခံထားငွေကို တဖြည်းဖြည်းလျော့ချပြီး ကျန်ရှိတဲ့ချေးငွေကိုပြန်ဆပ်ပေးတဲ့ အကာအကွယ်ဖြစ်စေ ရွေးချယ်နိုင်ပါတယ်။

နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

ချေးငွေ‌ပေးဆပ်မှု အကာအကွယ် အသက်အာမခံကိုထားရှိပါက ပေးသွင်းသည့်ပရီမီယံပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိပါသည်။

ချေးငွေ‌ပေးဆပ်မှု အကာအကွယ် အာမခံသက်တမ်းမှာ (၁) နှစ်မှ (၁၅) နှစ်အထိ‌ဖြစ်ပြီး ချေးငွေပေးဆပ်ရန် ကျန်ရှိနေသော သက်တမ်းနှင့် ကိုက်ညီထားရှိနိုင်ပါသည်။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

စိတ်ကြိုက်ကျန်းမာရေးအာမခံ

စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ  အကာအကွယ်ရနိုင်တာကြောင့် စိတ်အေးချမ်းလုံခြုံစေမယ့် ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။

ချေးငွေပေးဆပ်မှုအကာအကွယ် အသက်အာမခံ

သင့်အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ချေးငွေပေးဆပ်မှု အကာအကွယ် အသက်အာမခံဟာ ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ ငွေချေးယူသူ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့်

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာတို့လိုမျိုး ပြင်းထန်တဲ့ရောဂါတွေအတွက် ဝယ်ယူနိုင်တဲ့အာမခံပါ။