ရန်ကုန်၊ ဇူလိုင်လ ( ၉ ) ရက်နေ့

Grand Guardian Nippon Life Insurance Co., Ltd (“GGI Nippon Life”) သည် Insurance Asia Awards က ပေးအပ်ချီးမြှင့်သည့် International Life Insurer of the Year – Myanmar ဆုကို ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နှင့် ယခုနှစ် ၂၀၂၄ တွင်လည်း (၄) နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပြီး New Insurance Product of the Year – Myanmar (Student Life) ၂၀၂၁၊ New Insurance Product of the Year – Myanmar (Simple Life) ၂၀၂၂နှင့် Customer Initiative of the Year – Myanmar ၂၀၂၄ ဆုတို့ကိုလဲ ထိုက်ထိုက်တန်တန် ရရှိထားပါသည်။

GGI Nippon Life ကို ဆုချီးမြှင့်ခဲ့သည့် Insurance Asia Awards သည် အာရှပစိဖိတ် ဒေသတွင်းနိုင်ငံများရှိ အာမခံကုမ္ပဏီများ၏ ဈေးကွက်အတွင်း စိန်ခေါ်မှုအမျိုးမျိုးကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည့် အာမခံ ကုမ္ပဏီများကို နှစ်စဉ်ဂုဏ်ပြုသည့် ထိပ်တန်းအဆင့် ဘဏ္ဍာရေးနှင့် အာမခံထုတ်ဝေရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။

Insurance Asia Awards သည် Charlton Media Group ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Insurance Asia Awards မှ ဦးစီးကျင်းပပေးသည့် ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါသည်။

GGI သည် ၂၀၁၉ ခုနှစ်မှ စ၍ ဂျပန်နိုင်ငံ၏ အသက်အာမခံလုပ်ငန်းဈေးကွက်တွင် ဦးဆောင်နေသည့် Nippon Life နှင့်လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး Nippon Life ၏ နိုင်ငံတကာအတွေ့အကြုံများနှင့် GGI ၏ ပြည်တွင်း အတွေ့အကြုံများပူးပေါင်း၍ မြန်မာပြည်သူ/ပြည်သားများအတွက် အရည်အသွေးအမြင့်ဆုံး အကောင်းဆုံး အသက်အာမခံဝန်ဆောင်မှုများ ပေးအပ်ခဲ့၍ ယခုကဲ့သို့ (4) နှစ်ဆက်တိုက် ဆုများ ရရှိခဲ့ခြင်း ဖြစ်ပါသည်။

GGI Nippon Life ၏ မြန်မာနိုင်ငံအတွင်း ရုံးချုပ်နှင့် ရုံးခွဲများမှ အသက်အာမခံအမျိုးအစားများစွာကို မြန်မာပြည်သူ/ပြည်သားများ အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

GGI Nippon Life မှ ဝန်ဆောင်မှုပေးလျှက်ရှိသည့် အသက်အာမခံအမျိုးအစားများမှာ –

  1. မိဘမေတ္တာပညာရေးအာမခံ
  2. ကျန်းမာရေးအာမခံ
  3. ချေးငွေပေးဆပ်မှုအကာအကွယ်အသက်အာမခံ
  4. စိတ်ကြိုက်စုငွေအသက်အာမခံ
  5. ဘဝလုံခြုံမှု စုငွေအာမခံ
  6. မိသားစုအကာအကွယ်စုငွေအသက်အာမခံ
  7. လွယ်ကူမြန်ဆန် အသက်အာမခံ
  8. ခရီးသွားအာမခံ
  9. ပြင်းထန်သောရောဂါကုသမှုအသက်အာမခံ
  10. လုပ်သားပြည်သူအသက်အာမခံ
  11. စုပေါင်းအသက်အာမခံ
  12. စိတ်ကြိုက်ကျန်းမာရေးအာမခံ
  13. လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ

အထက်ပါ  အသက်အာမခံအမျိုးအစားများကို အကောင်းဆုံးဝန်ဆောင်မှုပေးလျှက်ရှိပြီး

GGI Nippon Life ၏မူဝါဒနှင့် အညီ “မြန်မာပြည်တွင်နေထိုင်သူများအား အကာအကွယ်ပေးရန်နှင့် အထောက် အပံ့ပေးရန်အတွက် ဂုဏ်သိက္ခာရှိစွာ ဂရုပြုဆောင်ရွက်ပေးခြင်း ၊ မေတ္တာဂရုဏာဖြင့်စာနာ ရိုင်းပင်းကူညီခြင်း များဖြင့် ကမ္ဘာအဆင့်မှီ အသက်အာမခံ များ ကိုဝန်ဆောင်မှုပေးရန်” အစဉ်အမြဲ ကြိုးစားလျှက်ရှိပါသည်။ 

GGI Nippon Life ဝန်ဆောင်မှုပေးနေသည့် နေရာများ၊ အာမခံဝန်ဆောင်မှုများနှင့်  အသေးစိတ်အချက်အလက် များကို သိရှိလိုပါက www.gginipponlife.com  မှာ ဝင်ရောက် လေ့လာနိုင်ပါသည်။