သင့်အနာဂတ် ဘဝလုံခြုံမှုအတွက် စုငွေအာမခံ

ဘဝလုံခြုံမှု စုငွေအာမခံထားတာက ငွေစုဆောင်းခြင်း တစ်မျိုးဖြစ်သည့်အတွက် ပုံမှန်ဝင်ငွေရှိပြီး ရေရှည်ငွေစုထား လိုတယ်ဆိုရင် ရွေးချယ်သင့်တဲ့ အာမခံပါပဲ။ ဒီအာမခံက ပေးသွင်းရတဲ့ အာမခံကြေးထက် ပိုမိုအကျိုးခံစားခွင့်ရှိသော အသက်အာမခံဖြစ်တာကြောင့် စုငွေကနေတဆင့် ဘဝရဲ့ ရည်မှန်းချက်တွေကိုပါ အကောင်အထည်ဖော်နိုင်မှာပါ။ ဒါ့အပြင် အသက်ဆုံးရှုံးခြင်း ဒါမှမဟုတ် ထာဝစဉ် မသန်မစွမ်းဖြစ်တဲ့အခါမှာလည်း အာမခံထားငွေကို အပြည့်အဝ အမြန်ဆုံး ရရှိမှာဖြစ်ပါတယ်။ ရေရှည်အတွက်အစီအစဉ် ချထားတာဟာ ဘယ်တော့မှမမှားပါဘူး။ ဒါကြောင့်မို့လို့ မိမိဘဝအနာဂတ် အတွက် ကူညီရင်းနှီးမြုပ်နှံပေးမယ့် ဘဝလုံခြုံမှု စုငွေအာမခံပေါ်လစီကို ရွေးချယ်တာဟာလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။

ထူးခြားချက်များ

  • ဘဝလုံခြုံမှု စုငွေအာမခံက ပုံမှန်ငွေစုသလို ပေးသွင်းရတဲ့ အာမခံအကာအကွယ်ဖြစ်ပြီး အကျိုးခံစားခွင့် အမျိုးမျိုး ပါဝင်ပါတယ်။ ပေါ်လစီဝယ်ယူသူတိုင်း အခမဲ့ ကျန်းမာရေးဆွေးနွေးတိုင်ပင်မှု ပြုလုပ်နိုင်ပြီး အနည်းဆုံး ပေးသွင်း နိုင်တဲ့ ပရီမီယံက တစ်လ ၇၂၀၀ ကျပ်ပါ။
  • ဘဝရည်မှန်းချက်များအကောင်အထည်ဖော်တဲ့အခါ ပုံမှန်ငွေစုထားတာ ရှိပြီးသားဖြစ်နေရင် ကိုယ်လိုအပ်တဲ့ ငွေပမာဏကို လိုအပ်တဲ့အချိန်မှာ ရနိုင်တာမို့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို ခံစားရတော့မှာ မဟုတ်ပါဘူး။
  • ပုံမှန်စုငွေက ကိုယ့်အနာဂတ်ကို စိတ်ချရအောင် ကူညီပေးနိုင်တဲ့အတွက် ဘဝလုံခြုံမှု စုငွေအာမခံ ပေါ်လစီကို ဒီနေ့ ပဲရွေးချယ်လိုက်ပါ။

အဓိက အကျိုးခံစားခွင့်များ

နှစ်စေ့ အကျိုးခံစားခွင့် – နှစ်စေ့ ပေါ်လစီအရ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။

သက်သာသော ပရီမီယံကြေးများ – တစ်လ ၇၂၀၀ကျပ်မှ စတင်ပေးသွင်းနိုင်ခြင်း၊ ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း၊

အခြားပေါ်လစီခံစားခွင့်များ – ပေါ်လစီကို စာရင်းပိတ်ခြင်း၊ အမ်းငွေထုတ်ယူခြင်း၊ ချေးငွေရနိုင်ခြင်း စသည့် အခြား ပေါ်လစီခံစားခွင့်များ ရယူနိုင်ခြင်း။

သေဆုံးမှုအကျိုးခံစားခွင့် – အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်