သင့်မိသားစု စိတ်အေးချမ်းသာမှုကိုပေးမယ့် အကောင်းဆုံး အသက်အာမခံထဲက တစ်ခု

သင့်အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ GGI Nippon Life ရဲ့ချေးငွေပေးဆပ်မှု
အကာအကွယ် အသက်အာမခံဟာ ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့
အခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ ငွေချေးယူသူ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့်
အရွယ်မတိုင်မီအသက်ဆုံးရှုံးခြင်းနဲ့ ထာဝစဉ်မသန်စွမ်းခြင်းတို့ ဖြစ်လာခဲ့ရင်
အာမခံထားသူရဲ့ ပေးဆပ်ဖို့ရှိနေတဲ့ကြွေးမြီတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ
ပေးချေပေးမယ့် အာမခံအမျိုးအစားဖြစ်ပါတယ်။

ထူးခြားချက်များ

  • အာမခံပေါ်လစီ သက်တမ်းတစ်ခုလုံးအတွက် ကျသင့်တဲ့ပရီမီယံကို တစ်ကြိမ်တည်းသာ ပေးချေဖို့ လိုအပ်ပါတယ်။
  • သင့်ချေးငွေကို ပြန်ဆပ်ရမယ့်အချိန်နဲ့ ကိုက်ညှိဖို့ တစ်နှစ်ကနေ ဆယ့်ငါးနှစ်အထိ နှစ်သက်ရာ
    သက်တမ်းကို ရွေးချယ်ပြီး အာမခံထားနိုင်ပါတယ်။
  • မူလချေးငွေပမာဏကို အပြည့်အဝပြန်ဆပ်ပေးတဲ့ အကာအကွယ်ဖြစ်စေ
    ဒါမှမဟုတ် အာမခံထားငွေကို တဖြည်းဖြည်းလျော့ချပြီး ကျန်ရှိတဲ့ချေးငွေကိုပြန်ဆပ်ပေးတဲ့ အကာအကွယ်ဖြစ်စေ ရွေးချယ်နိုင်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

(၁) အသက်အာမခံထားသူဟာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခြင်း
ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ ကြုံတွေ့ခဲ့ရင် အကျိုးခံစားခွင့်ရှိသူဆီ အာမခံထားငွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်