ခရီးသွားတိုင်းအတွက် အထူးခရီးသွားအာမခံ

အထူးခရီးသွားအာမခံကိုသာ ရယူလိုက်ပါ။ မိတ်ဆွေတို့ရဲ့ကားများပေါ်က ခရီးသည်တစ်ဦးချင်းစီအတွက် ခရီးသွားအာမခံ အကာအကွယ်ပေးသွားမှာပါ။ ဒီပေါ်လစီက မတော်တဆမှုအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် အကာအကွယ်ပေးမှာဖြစ်လို့ ကိုယ်ကိုယ်တိုင်ရော ကိုယ့်ခရီးသည်တွေပါ စိတ်လုံခြုံမှုကိုခံစားရမှာဖြစ်ပါတယ်။

ဒီပေါ်လစီက ခရီးတို၊ ခရီးရှည် နှစ်မျိုးလုံးအတွက် သင့်တော်ပါတယ်။ ခရီးသွားလို့ ကားစီးတဲ့အခါတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကြောင့် ဖြစ်ပေါ်လာမယ့် ထိခိုက်နစ်နာမှုတွေကို ကူညီလျှော့ချပေးသွားမှာပါ။

ထူးခြားချက်များ

  • ခရီးသွားလာနေချိန် အတောအတွင်းမှာ မျှော်လင့်မထားနိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ မတော်တဆမှုဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းတို့အားလုံးအတွက် အကာအကွယ်ပေးပါတယ်။ ထိခိုက်ဒဏ်ရာရရှိလို့ အလုပ်မလုပ်နိုင်တဲ့အခါမှာ ဆုံးရှုံးရတဲ့ ဝင်ငွေကိုလည်းထောက်ပံ့ကူညီပေးမှာပါ။
  • ကျွန်တော်တို့အနေနဲ့ အာမခံထားရာမှာရော လျော်ကြေးပေးရာမှာပါ ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ အစီအစဉ်တွေနဲ့ဆောင်ရွက်ပေးပြီး ခရီးစဉ်တစ်ခုလုံးစာအတွက် ပေးသွင်းရမယ့် ပရီမီယံနှုန်းထားက အရမ်းကိုသက်သာပါတယ်။

အဓိက အကျိုးခံစားခွင့်များ

ဆေးရုံတက် ကုသခြင်းအတွက် – ဆေးရုံတက် ကုသခြင်းအတွက် အပတ်စဉ် ငွေကြေး အကျိုးခံစားခွင့်ကို ၅၂ ပတ်အထိ ရရှိနိုင်ခြင်း။

ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် – ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာ ရရှိခြင်းအတွက် အာမခံထားငွေ၏ ၈၀% ကိုထုတ်ပေးခြင်း။

ဝင်ငွေထိခိုက်မှုအတွက် – ထိခိုက်ဒဏ်ရာရရှိ၍ အလုပ်မလုပ်နိုင်ခြင်းကြောင့် ဝင်ငွေထိခိုက်မှုအတွက် အပတ်စဉ် ငွေကြေးအကျိုးခံစားခွင့်ကို ၅၂ပတ်အထိ ရရှိနိုင်ခြင်း။

သေဆုံးမှုအကျိုးခံစားခွင့် – သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်