စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါအတွက်ပါ  အကာအကွယ်ရနိုင်တာကြောင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။  အာမခံသက်တမ်း နှစ်(၂၀) အများဆုံးထိဝယ်ယူနိုင်မယ့် တစ်ခုတည်းသော အာမခံအမျိုးအစားဖြစ်တာကြောင့်လည်း နှစ်ရှည်ကျန်းမာရေးအတွက် စီစဉ်ထားသင့်ပြီး နောက်ဆယ်စုနှစ် (၂)ခုတိုင်အောင် ကျန်းမာရေးအတွက် စိတ်ချထားလို့ရနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားရဲ့ ဘဝနေထိုင်မှုပုံစံနှင့်လိုက်ဖက်ပြီး အာမခံအကာအကွယ်ပမာဏကိုလည်း အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲထားတာကြောင့် မမျှော်လင့်ထားသော ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များနဲ့ ပိုမိုပြင်းထန်ကျယ်ပြန့်သောကျန်းမာရေးပြဿနာများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ စိတ်ကြိုက်ကျန်းမာရေးအာမခံနဲ့ ကျန်းမာတဲ့အနာဂတ်အတွက်သေချာအောင် ဒီနေ့ပဲကတိပြုလိုက်ပါ။

ထူးခြားချက်များ

  • အခြေခံရောဂါကုသမှုများအတွက်သာမက ပြင်းထန်သောမတော်တဆ ထိခိုက်မှုနှင့် ပြင်းထန်သောရောဂါကုသမှုများအတွက်ပါ အာမခံအကာအကွယ်ရရှိနိုင်ခြင်း
  • အာမခံအကာအကွယ်ကို အများဆုံးနှစ်(၂၀) အထိ ရရှိနိုင်ခြင်း
  • သင်ကိုယ်တိုင်အတွက်သာမက သင်ချစ်ရသောသူများအတွက်ပါ ဝယ်ယူနိုင်ခြင်း
  • နှစ်ရှည်ကျန်းမာရေးအာမခံ အမျိုးအစားဖြစ်ပေမယ့် ကျန်းမာရေး စစ်ဆေးမှုများကို အာမခံ ဝယ်ယူစဥ် တစ်ကြိမ်သာ ပြုလုပ်ရန် လိုအပ်ခြင်း
  • သင့်တင့်သော ပရီမီယံနှုန်းထားများနှင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရန် ဖန်တီးဆောင်ရွက်ထားခြင်း
  • GGI Nippon Life မှ စုငွေအသက်အာမခံများနှင့် တွဲဖက်၍ ဝယ်ယူလျှင် ပိုမိုသက်သာသော ပရီမီယံအကျိုးခံစားခွင့်အား ရရှိနိုင်ခြင်း
  • ကင်းလွတ်ခွင့် ကာလ (Free Look Period) (၂၁) ရက် ရှိခြင်း
  • အတွင်းလူနာများအတွက် ငွေသားမလိုအပ်ဘဲ ဝန်ဆောင်မှုရရှိနိုင်ခြင်း

အဓိကအကျိုးခံစားခွင့်များ

  • ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
  • ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
  • တစ်လုံးတည်းအကျိုးခံစားခွင့်
  • ဆေးရုံဆေးခန်းပြသခြင်း အတွက် အကျိုးခံစားခွင့်
  • ထာဝစဥ်မသန်မစွမ်းဖြစ်ခြင်း / အသက်ဆုံးရှုံးခြင်းအတွက် အကျိုးခံစားခွင့်
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်