လုပ်သားပြည်သူ အသက်အာမခံ

လုပ်သားပြည်သူ အသက်အာမခံက အများပြည်သူတွေ အားထားရမယ့် အာမခံပါ။ မတော်တဆထိခိုက်မှုတွေကစပြီး ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ အတိုင်းအတာတစ်ခုအထိ ငွေကြေးအထောက်အပံ့ ရရှိလိုတဲ့ မြန်မာ ပြည်သူ / ပြည်သားအားလုံးအတွက် ဒီပေါ်လစီက မရှိမဖြစ်ပါပဲ။

သင်နဲ့သင်ချစ်ခင်နှစ်သက်ရသူတွေအတွက် လုပ်သားပြည်သူအသက်အာမခံဝယ်ယူခြင်းဖြင့် ကာကွယ်ပါ။

ထူးခြားချက်များ

  • လုပ်သားပြည်သူ အသက်အာမခံက အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် ဆေးရုံတက်ကုသရခြင်းတို့အတွက် ငွေကြေးအထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီပေါ်လစီက အာမခံထားငွေထက်ပိုမိုတဲ့ ထပ်ဆင့်အကျိုးခံစားခွင့်များ ရရှိနိုင်တဲ့ တစ်ခုတည်းသောအာမခံဖြစ်ပါတယ်။
  • အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် (၃) ကြိမ် ရရှိပြီးဖြစ်စေကာမူ သေဆုံးမှုအကျိုးခံစားခွင့်နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်များ ထပ်မံရရှိမှာ ဖြစ်ပါတယ်။
  • အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ရတဲ့အခါ ဝင်ငွေထိခိုက်ပြီး မိသားစုဝင်တွေပါ နစ်နာကြရပါတယ်။ လုပ်သားပြည်သူ အသက်အာမခံက အဲဒီလိုနစ်နာဆုံးရှုံးမှုတွေကို ကာကွယ်ပေးမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းနဲ့မိသားစုရဲ့ အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံနိုင်မှာပါ။

အဓိကအကျိုးခံစားခွင့်များ

မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် ဆေးရုံတက်ကုသစဉ် အာမခံထားငွေ၏ ၂% ကို တစ်ကြိမ် (၅)ရက်ဖြင့် အာမခံသက်တမ်း (၁)နှစ်အတွင်း (၃)ကြိမ်အထိ ထုတ်ပေးခြင်း။.

မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း – မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်ပေါ်မူတည်၍ လျော်ကြေးထုတ်ပေးခြင်း။

ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း – ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

အသက်ဆုံးရှုံးခြင်း – သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

မှတ်ချက် – ဆေးကုသမှုအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဆေးရုံဆေးခန်းမှာသာ ပြုလုပ်ရမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်