ရိုးရှင်း၊ လုံခြုံ၊ စိတ်ချရ

လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုအာမခံဆိုတာ သက်သာတဲ့ပရီမီယံ ပေးသွင်းရုံနဲ့ ကိုယ်တန်ဖိုးထားချစ်ခင်ရသူတွေ မကျန်းမာတဲ့အခါ၊ မတော်တဆမှုဖြစ်တဲ့အခါတို့မှာ ကာကွယ်ထောက်ပံ့ပေးမှာပါ။ ဒီအာမခံက ပုံမှန်ကျန်းမာရေးအာမခံနဲ့ ဆင်တူပေမယ့် ပရီမီယံပိုသက်သာတာမို့ အခြေခံအာမခံ ထားရှိလိုတယ်၊ ဒါမှမဟုတ် ငွေကြေးသုံးစွဲမှု လျှော့ချလိုတယ်ဆိုရင် ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။

ထူးခြားချက်များ

  • ဒီအာမခံပေါ်လစီက ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ကုသခြင်း၊ မတော်တဆမှုဖြစ်ခြင်းနဲ့ မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အကာအကွယ်ပေးပါတယ်။ အနည်းဆုံးပရီမီယံ တစ်လ ၅ဝဝဝ ကျပ် ပေးသွင်းရုံနဲ့ ဆေးရုံတက်ကုသရတဲ့အခါ နေ့စဉ် ၅ဝဝဝ ကျပ် (အများဆုံး ရက် ၆ဝ အထိ) ထုတ်ပေးမှာဖြစ်ပြီး မတော်တဆမှုကြောင့်သေဆုံးတဲ့အခါ ကျပ် ၅ဝဝ,ဝဝဝ ထုတ်ပေးမှာပါ။
  • မိတ်ဆွေအနေနဲ့ ပရီမီယံနှုန်းထားသက်သာပြီး အနာဂတ်မှာရင်းနှီးမြှုပ်နှံဖို့ ရိုးရှင်းတဲ့အာမခံမျိုးကို ရှာဖွေနေတယ်ဆိုရင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံပေါ်လစီက အသင့်တော်ဆုံးပါပဲ။

နမူနာနှုန်းထားကို အသက်(၆)နှစ်မှ (၃ဝ) နှစ်အတွင်းရှိ အာမခံလျှောက်ထားသူပေါ် အခြေခံ၍ ဖော်ပြထားသည်။

အဓိကအကျိုးခံစားခွင့်များ

ဆေးရုံတက်ကုသခြင်း – နေ့စဉ် ၅၀၀၀ ကျပ်နှုန်းဖြင့် ရက် ၆၀ အထိ။

သေဆုံးမှုအကျိုးခံစားခွင့် – သေဆုံးခြင်းအတွက် ၅၀၀,၀၀၀ ကျပ်။

လုပ်ဆောင်ရလွယ်ကူ၊ ပရီမီယံကြေးသက်သာပြီး ခံစားခွင့်များပြားတဲ့အာမခံကို ဒီနေ့ပဲ ရယူလိုက်ပါ။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်