ဘဝရဲ့ပန်းတိုင်တွေဆီ လွယ်ကူစွာလျှောက်လှမ်းနိုင်ဖို့ အာမခံအကာအကွယ်တွေနှင့်အတူ ရှင်သန်မှုအကျိုးခံစားခွင့်ပါ ရရှိနိုင်တဲ့ အသက်အာမခံ

စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း၊ ဆန္ဒအလျောက်စုဆောင်းနိုင်ခြင်းနှင့် စုငွေအပေါ် အတိုးခံစားခွင့်ရရှိခြင်းတို့ကို မိမိတို့ နှစ်သက်သလို ရွေးချယ်နိုင်တဲ့ စုငွေအသက်အာမခံပဲ ဖြစ်ပါတယ်။ အာမခံသက်တမ်းစေ့ရောက်သည့်အခါတွင်လည်း နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ထုတ်ယူနိုင်မှာပါ။ 

စိတ်ကူးထားတဲ့အိမ်ကလေးကို ဝယ်တာ၊ အရေးပေါ်လိုအပ်တဲ့အချိန်မှာသုံးဖို့ ငွေစုဆောင်းထားတာ၊ အလုပ် မလုပ်တော့တဲ့အချိန်(ပင်စင်ယူတဲ့အချိန်)အတွက် ဘဏ္ဍာရေးဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားတာစတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ်နှင့်ကိုယ်ချစ်ရတဲ့သူတွေအတွက် အနာဂတ်မှာ လုံခြုံကြွယ်ဝစေဖို့ စိတ်ကြိုက်စုငွေ အသက်အာမခံက အကူအညီပေးသွားမှာပါ။

ထူးခြားချက်များ

  • စိတ်ချလုံခြုံမှု – ချစ်ရတဲ့မိသားစုတွေအတွက် ငွေရေးကြေးရေးနှင့်ပတ်သက်၍ အကာအကွယ်ရရှိပြီး စိတ်ပူပန်မှု ကင်းဝေးစေနိုင်သလို မိမိတို့အတွက် ငွေကြေးစုဆောင်းမှုတစ်ရပ်လည်း စတင်နိုင်မှာပါ။ 
  • ငွေဖြစ်လွယ်ခြင်း – အာမခံပေါ်လစီသက်တမ်းအတွင်း သတ်မှတ်ထားတဲ့ကာလတွေ ရောက်ရှိတဲ့အခါ ရှင်သန်မှုအကျိုးခံစားခွင့်တွေကို ထုတ်ယူရရှိနိုင်ပါတယ်။ ရှင်သန်မှုအကျိုးခံစားခွင့်တွေကို စုဆောင်းထားရှိပြီး ယင်းစုငွေပေါ်မှ အတိုးလည်းရရှိနိုင်သလို နောက်တစ်ကြိမ်ပေးရမယ့် အာမခံကြေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
  • အဆင်ပြေလွယ်ကူမှု – မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်တွေဟာ အမြဲတစေ ပြောင်းလဲနိုင်ပါတယ်။ ပြောင်းလဲနေတဲ့လိုအပ်ချက်တွေနှင့်အညီ အာမခံပေါ်လစီသက်တမ်း၊ ပရီမီယံ ပေးသွင်းပုံနှင့် ရှင်သန်မှုအကျိုးခံစားခွင့် ထုတ်ယူသည့်ပုံစံတို့ကို ချိန်ညှိဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

နှစ်စေ့အကျိုးခံစားခွင့် – အာမခံပေါ်လစီပါ အာမခံသက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် အာမခံထားငွေ အပြည့်အဝ ထုတ်ယူနိုင်ပါတယ်။

ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံပေါ်လစီသက်တမ်းအတွင်း သက်မှတ်ထားသောနေ့ရက်များတွင် အာမခံထားသူအသက်ရှင်သန်နေပါက ရှင်သန်မှုအကျိုးခံစားခွင့်များကို ထုတ်ယူနိုင်ပါတယ်။

ရှင်သန်မှုအကျိုးခံစားခွင့် စုဆောင်းမှုနှင့် အတိုးခံစားခွင့် – ရှင်သန်မှုအကျိုးခံစားခွင့်ကို ထုတ်ပေးရန် သတ်မှတ်ထားသောနေ့ရက်များတွင် မထုတ်ယူဘဲ စုဆောင်းထားရှိနိုင်ပြီး ယင်းစုငွေအပေါ်တွင် အတိုးနှုန်းပါ ထပ်ဆောင်းခံစားခွင့်ရှိပါတယ်။

အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အကျိုးခံစားခွင့် – အသက်ဆုံးရှုံးခြင်း သို့မဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေအပြည့်အဝ တစ်လုံးတည်း ထုတ်ယူနိုင်ပါတယ်။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်