သင့်ဝန်ထမ်းများအတွက် အပြည့်အဝ အကာအကွယ်

အစုအဖွဲ့အာမခံပေါ်လစီဆိုတာ ပြင်းထန်သော ရောဂါကုသမှုအာမခံ၊ ကျန်းမာရေးအာမခံနဲ့ အသက်အာမခံ စတဲ့ အာမခံသုံးမျိုးပါဝင်တဲ့ ပေါ်လစီဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ဆိုရင် ကိုယ့်လုပ်ငန်းက အဖိုးတန် ဝန်ထမ်းတွေအတွက် ပေါ်လစီတစ်ခုတည်းနဲ့ အာမခံသုံးမျိုးကို ရရှိနိုင်တဲ့အတွက်ကြောင့် အရမ်းကိုအဆင်ပြေတဲ့ ပေါ်လစီပါပဲ။

ကျွန်တော်တို့အနေနဲ့ ဘယ်ပေါ်လစီအတွက်မဆို အာမခံထားရာမှာရော လျော်ကြေးပေးရာမှာပါ ရိုးရှင်းလွယ်ကူမြန်ဆန်တဲ့ အစီအစဉ်တွေနဲ့ ဆောင်ရွက်ပေးပါတယ်။

အကာအကွယ်မိတ်ဆက်

ကျန်းမာရေးအာမခံ

ဒီပေါ်လစီကတော့ ရောဂါဖြစ်ခြင်းနဲ့ မတော်တဆမှုဖြစ်ခြင်းကြောင့် ဆေးရုံတက်ကုသရတဲ့အခါ ကုန်ကျမယ့် ဆေးကုသစရိတ်တွေအတွက် အကာအကွယ်ပေးတာမို့ ငွေရေးကြေးရေးအတွက် ပူပန်နေစရာမလိုတော့ဘဲ ပြန်လည်ကျန်းမာလာဖို့ရာ အာရုံစိုက်နိုင်မှာပါ။ ဒါ့အပြင် ပြင်ပလူနာအဖြစ် ဆေးရုံဆေးခန်းပြ ဆေးကုသမှုအတွက် ကုန်ကျစရိတ်ကိုလည်း ထုတ်ပေးပါတယ်။

ပြင်းထန်သော ရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံက ကင်ဆာ၊ နှလုံးရပ်ခြင်းနဲ့ အဓိက ကိုယ်အင်္ဂါအစားထိုးကုသခြင်းတွေအပါအဝင် ပြင်းထန်တဲ့ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးပါတယ်။ ပြင်းထန်တဲ့ရောဂါ တစ်မျိုးမျိုးကို ကုသရတဲ့အခါပေးသွင်းထားတဲ့ ပရီမီယံကြေးကို တစ်လုံးတည်း အမြန်ဆုံးထုတ်ပေးမှာဖြစ်တဲ့အတွက် သင့်ဝန်ထမ်းပြန်လည်ကျန်းမာလာဖို့ စိတ်အေးလက်အေး ဆေးကုသနိုင်မှာပါ။

အသက်အာမခံ

အစုအဖွဲ့အသက်အာမခံက သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း သို့မဟုတ် ဒဏ်ရာအပြင်းအထန် ရရှိခြင်းတို့အတွက် အကာအကွယ်ပေးပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေတွေကြောင့် သင့်ဝန်ထမ်း တစ်ခုခုဖြစ်သွားတဲ့အခါမှာ ပြန်လည်နာလန်ထူဖို့ လိုအပ်ငွေကို ဒီပေါ်လစီက ကူညီထောက်ပံ့သွားမှာပါ။

အဓိက အကျိုးခံစားခွင့်များ

ကျန်းမာရေးအာမခံ

အခြေခံ အာမခံအကာအကွယ်

  • ဆေးရုံတက်ကုသခြင်းအတွက် နေ့စဉ်ဆေးရုံစရိတ်ထုတ်ပေးခြင်း။
    (အများဆုံးရက်ပေါင်း၆ဝအထိသာ)။
  • သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်းထုတ်ပေးခြင်း။

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁)

  • တစ်ကိုယ်လုံးမေ့ဆေး (သို့) ကိုယ်တစ်ပိုင်းထုံဆေးဖြင့် ခွဲစိတ်ကုသမှုခြင်းအတွက် ထုတ်ပေးခြင်း။
  • ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဆေးရုံတက် ကုသခြင်းအတွက် ကုသစရိတ်ထုတ်ပေးခြင်း။

ရွေးခြယ်နိုင်သည့် အာမခံအကာအကွယ် (၂)

  • ပြင်ပလူနာအဖြစ် ဆေးရုံဆေးခန်းပြ ဆေးကုသမှုအတွက် အများဆုံး (၄)ကြိမ်အထိ ထုတ်ပေးခြင်း။

ပြင်းထန်သော ရောဂါကုသခြင်း

  • ပြင်းထန်သောရောဂါ ၁ဝမျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် ဆေးရုံတက် ဆေးကုသသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။

အသက်အာမခံ

သေဆုံးမှုအကျိုးခံစားခွင့်

  • သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။

ထာဝစဉ်မသန်စွမ်း အကျိုးခံစားခွင့်

  • ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအတွက် အာမခံထားငွေကို ထုတ်ပေးခြင်း။

ထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့်

  • မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းအတွက် ဆရာဝန်ထောက်ခံချက်အပေါ် အခြေခံ၍ အကျိုးခံစားခွင့်ထုတ်ပေးခြင်း။
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်