သင်နဲ့ သင့်မိသားစုရဲ့အနာဂတ်အတွက် မိသားစုအကာအကွယ်စုငွေ အသက်အာမခံ

လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ GGI Nippon Life ရဲ့ မိသားစုအကာအကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးတဲ့အခါ ငွေကြေး အထောက်အပံ့ရစေဖို့ ရည်ရွယ်တဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။

ထူးခြားချက်များ

  • အာမခံသက်တမ်းတစ်ခုလုံးအတွက် ပရီမီယံကြေးကို အလီလီခွဲသွင်းစရာမလိုဘဲ တစ်ကြိမ်တည်းသာ ပေးချေဖို့လိုအပ်ပါတယ်။
  • သင့်စုငွေကာလနဲ့ ဘဝရည်မှန်းချက်တို့အပေါ်မူတည်ပြီး အာမခံသက်တမ်းကို ၃နှစ်၊ ၄နှစ် သို့မဟုတ် ၅နှစ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
  • ငါးနှစ်သက်တမ်းပေါ်လစီအတွက် အာမခံထားငွေစုစုပေါင်းရဲ့ (၇၁%) သာ ပေးသွင်းဖို့လိုအပ်ပါတယ်။
  • နှစ်စေ့အကျိုးခံစားခွင့်အနေနဲ့ ပေါ်လစီသက်တမ်းပြည့်တဲ့အချိန်မှာ နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။
  • မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ ကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင် အသက်ဆုံးရှုံးတဲ့ အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် သင့်မိသားစုထံ အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးပါတယ်။
  • အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများ ၊ မြန်မာနိုင်ငံတွင်
    အကြောင်းအမျိုးမျိုးဖြင့် တရားဝင် လာရောက်နေထိုင်ကြသော ‌နိုင်ငံခြားသားများ
    မည်သူမဆိုမိသားစု အကာအကွယ်စုငွေအသက်အာမခံကို ဝယ်ယူခွင့်ရှိပါတယ်။

အရေးကြီးသောအချက်

  • ဒီအာမခံအတွက် ပရီမီယံကြေးကို ချက်လက်မှတ်ဖြင့်ပေးချေခြင်း ဒါမှမဟုတ် ဘဏ်ကနေငွေလွှဲခြင်း နည်းလမ်းတို့နဲ့သာ အာမခံကုမ္ပဏီဆီ ပေးသွင်းရမှာဖြစ်ပါတယ်။
  • လက်ရှိဝင်ငွေခွန်ဥပဒေများအရ မိသားစုအကာအကွယ်စုငွေ အသက်အာမခံအတွက် အာမခံထားသူရဲ့ ပရီမီယံကြေးဟာ အခွန်ကောက်ခံမှုကနေ ကင်းလွတ်ခွင့်ရှိပါတယ်။

ဥပမာ-

အသက် (၃၀) အရွယ်ရှိတဲ့ အာမခံဝယ်ယူသူတစ်ဦးက (၅)နှစ်သက်တမ်းအဆုံးမှာ မြန်မာကျပ်ငွေ
သိန်းတစ်ရာ့ငါးဆယ်ကို ထုတ်ယူနိုင်ဖို့ တစ်ကြိမ်စာပရီမီယံကြေးအဖြစ် မြန်မာကျပ်ငွေ
မြန်မာကျပ်ငွေ တစ်ရာ့ခြောက်သိန်း ငါးသောင်းသာ ပေးသွင်းဖို့လိုအပ်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

(၁) နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝ
တစ်လုံးတည်းထုတ်ပေးခြင်း။

(၂) အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတစ်လုံးတည်း ထုတ်ပေးခြင်း။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်