သင့်ကျန်းမာရေးအတွက် လုံခြုံမှုယူလိုက်ပါ

ကမ္ဘာတစ်ဝှမ်းမှာဆေးကုသစရိတ်တွေ မြင့်မားလာတဲ့အတွက် ရောဂါတစ်မျိုးမျိုးပဲဖြစ်ဖြစ်၊ မတော်တဆမှုတစ်ခုခုပဲဖြစ်ဖြစ် ဖြစ်လာတဲ့အခါ ကုန်ကျစရိတ်တွေကာမိအောင် အာမခံထားရှိဖို့ အရေးကြီးလာပါပြီ။

အကယ်၍ ကြိုတင်မှန်းဆလို့မရနိုင်တဲ့ ရောဂါ သို့မဟုတ် မတော်တဆမှုတွေ ဖြစ်လာခဲ့ရင် ငွေကုန်ကြေးကျများနိုင်တာမို့ မဖြစ်ခင်ကတည်းက အကုန်အကျသက်သာအောင် ကာကွယ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီအတွက်ကျွန်တော်တို့ ကျန်းမာရေးအာမခံက ကူညီပေးသွားမှာပါ။

ထူးခြားချက်များ

  • ဒီပေါ်လစီက မတော်တဆမှုကြောင့် ဆေးရုံတက်တဲ့အခါနဲ့ ရောဂါကြောင့် ဆေးရုံတက်တဲ့အခါမှာ ကုန်ကျမယ့် ဆေးကုသစရိတ်တွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးတဲ့အပြင် ပြင်ပလူနာအဖြစ် ဆေးရုံဆေးခန်းပြ ဆေးကုသမှုအတွက်လည်း အကျိုးခံစားခွင့်ထုတ်ပေးပါတယ်။

အဓိကအကျိုးခံစားခွင့်များ

အခြေခံ အာမခံအကာအကွယ်

  • ဆေးရုံတက်ကုသခြင်းအတွက် နေ့စဉ်ဆေးရုံစရိတ်ထုတ်ပေးခြင်း (အများဆုံးရက်ပေါင်း၆ဝအထိသာ) ။
  • သေဆုံးခြင်းအတွက် အာမခံထားငွေ အပြည့်အဝ တစ်လုံးတည်းထုတ်ပေးခြင်း။

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁)

  • တစ်ကိုယ်လုံးမေ့ဆေး (သို့) ကိုယ်တစ်ပိုင်းထုံဆေးဖြင့် ခွဲစိတ်ကုသခြင်းအတွက် ထုတ်ပေးခြင်း။
  • ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဆေးရုံတက်ကုသခြင်းအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်း။

ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၂)

  • ပြင်ပလူနာအဖြစ်ဆေးရုံဆေးခန်းပြဆေးကုသမှုအတွက် အများဆုံး (၄) ကြိမ်အထိ အကျိုးခံစားခွင့်ထုတ်ပေးခြင်း။
အွန်လိုင်းမှ ဝယ်ယူရန်
ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်