၂၀၁၃ ခုနှစ် ကတည်းက မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းစျေးကွက် ကို ဦးဆောင်နေသော GGI အာမခံကုမ္ပဏီနှင့် ဂျပန်နိုင်ငံ၏ အသက်အာမခံလုပ်ငန်းဈေးကွက်၏ နံပါတ် (၁) နေရာတွင်ရှိသော Nippon Life အသက်အာမခံကုမ္ပဏီတို့သည် (၂၀၁၉) ခုနှစ်တွင် အတူပူးပေါင်းကာ GGI Nippon Life Insurance Company Limited အဖြစ် စတင်တည်ထောင်ခဲ့ပါသည်။
GGI Nippon Life သည် ပြည်တွင်းအသက်အာမခံလုပ်ငန်း အတွေ့အကြုံများနှင့် အပြည်ပြည်ဆိုင်ရာနိုင်ငံတကာမှ အသက်အာမခံ အတွေ့အကြုံများကို ပေါင်းစပ်၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် ယုံကြည်စိတ်ချရသော အသက်အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။
GGI Nippon Life သည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အားထားရပြီး ယုံကြည်စိတ်ချရသော အသက်အာမခံ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ရန် အစဥ်အမြဲ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
ထို့အပြင် GGI Nippon Life သည် Insurance Asia Award ၏ အသက်အာမခံကျွမ်းကျင် ပညာရှင်များမှ အကဲဖြတ်အမှတ်ပေးကာ ပေးအပ်ချီးမြှင့်ခဲ့သော ဆုများဖြစ်သည့် “International Life Insurer of the Year” ကို ၂၀၂၁ မှ ၂၀၂၄ ထိလေးနှစ်ဆက်တိုက်ရရှိခဲ့ခြင်းအပြင် New Product of the Year ဆုများအဖြစ် ၂၀၂၁ ခုနှစ်တွင် မိဘမေတ္တာပညာရေးအာမခံ၊ ၂၀၂၂ ခုနှစ်တွင် လွယ်ကူမြန်ဆန်အသက်အာမခံ၊ ၂၀၂၃ ခုနှစ်တွင် စိတ်ကြိုက်စုငွေအာမခံ နှင့် ၂၀၂၄ ခုနှစ်တွင် Customer Service Initiatives of the Year ဆုများထိုက်တန်စွာ ဆုရရှိခဲ့ပါသည်။
မြန်မာပြည်သူပြည်သားများအတွက် ရိုးသားမှု၊ ကြင်နာမှု၊ စာနာနားလည်မှုများနှင့်အတူ ကမ္ဘာ့အဆင့်မှီအသက်အာမခံဝန်ဆောင်မှုများအား ပေးအပ်သွားနိုင်ရန်
မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်သည့်လူ့အဖွဲ့အစည်းတစ်ခုကို ပေးအပ်သွားနိုင်မည့် နံပါတ် (၁) ယုံကြည်စိတ်ချရဆုံးသော အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်လာစေရန်
ကျွန်ုပ်တို့လုပ်ဆောင်သမျှအရာအားလုံးတွင် ရိုးသားမှုသည် အဓိကကျောရိုးပဲဖြစ်ပါသည်။ ကျွန်ုပ်တို့၏အာမခံနှင့် ၀န်ဆောင်မှုများအား သင့်တော်မှု၊ ညီမျှမှုနှင့် ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးလျက်ရှိပြီး ကျွန်ုပ်တို့၏မိတ်ဆွေများအားလုံးနှင့်အတူ ရေရှည်တည်တံ့စွာလက်တွဲနိုင်စေရန်အတွက် ယုံကြည်မှုနှင့်သစ္စာတရားအပေါ် အခြေခံကာဆောင်ရွက်နေခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့သည် လုပ်ငန်းစဥ်တလျှောက်ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို စိတ်အားထက်သန်စွာ ကြံ့ခိုင်မှုအပြည့်ဖြင့် အစဥ်အမြဲရင်ဆိုင်နိုင်စွမ်းရှိပါသည်။ မည်သည့်အခြေအနေများတွင်မဆို ကျွန်ုပ်တို့သည် Customer များအတွက် အမြဲအတူရှိနေမည်ဟုကတိပြုအပ်ပါသည်။
အာမခံဆိုသည်မှာ ကျွန်ုပ်တို့လုပ်ဆောင်သည့် အရာတိုင်းအတွက် တာဝန်ယူမှုရှိမည်ဟူသော ကတိတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အာမခံနှင့် ဝန်ဆောင်မှုများသည် ရိုးသားမှန်ကန်မှုရှိပြီး လူကြီးမင်းတို့အတွက် အကောင်းဆုံးဖြစ်စေမည့် အရာများကိုသာ အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် Customer များ၏ ယုံကြည်အားကိုးမှုကို ရရှိရန် အစဥ်အမြဲကြိုးစားလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရိုးသားမှု၊ တာဝန်ယူမှုများနှင့်အတူ Customer များအား မည်သည့်အချိန်၌မဆို ကျွန်ုပ်တို့အားပထမဦးဆုံးရွေးချယ်မှုအဖြစ်ထားရှိသော အဖွဲ့အစည်းတစ်ခုအဖြစ်ရပ်တည်နိုင်ရန် ဆောင်ရွက်နေခြင်းပဲဖြစ်ပါသည်။
Customer များလိုအပ်သည့်အချိန်တိုင်းတွင် ကျွန်ုပ်တို့၏ ဂရုစိုက်ကြင်နာမှုများနှင့်အတူ Customer များရဲ့ ဘဝလမ်းကြောင်းတလျှောက် စိတ်လုံခြုံအေးချမ်းမှုရှိနေစေရန် ရည်ရွယ်ပြီး ဝန်ဆောင်မှုများအားဆက်လက်ပေးအပ်သွားပါမည်။