ရောဂါကုသခြင်းနှင့် သေဆုံးခြင်းအတွက် အာမခံအကာအကွယ်

ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာတို့လိုမျိုး ပြင်းထန်တဲ့ရောဂါတွေအတွက် ဝယ်ယူနိုင်တဲ့အာမခံပါ။ ပြင်းထန်တဲ့ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးမှာဖြစ်ပြီး သာမန်ထက်ပြင်းထန်တဲ့ရောဂါ ဖြစ်လာခဲ့မယ်ဆိုရင် အာမခံထားငွေကို တစ်လုံးတည်းထုတ်ပေးမှာဖြစ်ပါတယ်။

ပြင်းထန်တဲ့ရောဂါတွေဆိုတာ ဖြစ်မလာနိုင်ပါဘူးလို့ အနာဂတ်ကို မှန်းဆလို့မရနိုင်တဲ့အတွက် ကြိုတင်အကာအကွယ်ယူထားဖို့ လိုအပ်ပါတယ်။ ဘယ်သူမဆို ရောဂါဖြစ်လာတဲ့အခါမှာ ဆေးကုသစရိတ်အတွက် ပူပန်ရန်မလိုဘဲနဲ့ ပြန်ကျန်းမာလာဖို့ကိုပဲ အာရုံစိုက်ချင်ကြမှာပါ။ အဲဒီအတွက် ပရီမီယံနှုန်းထားသက်သာတဲ့ ပြင်းထန်သောရောဂါကုသမှုအာမခံက အကောင်းဆုံးအကူအညီပါပဲ။

ထူးခြားချက်များ

  • ပြင်းထန်တဲ့ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးပါတယ်။ ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုးကို ကုသရတဲ့အခါ အာမခံထားငွေကို တစ်လုံးတည်းအမြန်ဆုံးထုတ်ပေးမှာ ဖြစ်တဲ့အတွက် စိတ်အေးလက်အေး ဆေးကုသနိုင်မှာပါ။

အဓိကအကျိုးခံစားခွင့်များ

ပြင်းထန်သောရောဂါများအတွက် – ပြင်းထန်သောရောဂါ (၁၀) မျိုးအနက်မှ တစ်မျိုးမျိုးဖြစ်ကြောင်း အတည်ပြုပြီးနောက် အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။

သေဆုံးခြင်းအတွက် – သေဆုံးသွားသည့်အခါ အာမခံထားငွေ အပြည့်အဝကို တစ်လုံးတည်းထုတ်ပေးခြင်း။ (သတ်မှတ်ထားသည့် ပြင်းထန်သောရောဂါများကြောင့် အကျိုးခံစားခွင့် ပေးချေပြီးဖြစ်နေပါက သေဆုံးမှုအကျိုးခံစားခွင့်ကို ရရှိနိုင်မည်မဟုတ်ပါ)

ပြင်းထန်တဲ့ရောဂါကုသခြင်းနဲ့ သေဆုံးခြင်းအတွက် အကာအကွယ်ပေးမယ့် အကောင်းဆုံးသောအာမခံ။

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်