Paint Your Future

ကျွန်တော်တို့ GGI Nippon Life နှင့်အတူ KBTC International School Mandalay တို့ပူးပေါင်းကျင်းပပြုလုပ်ခဲ့သည့် Paint Your Future ပန်းချီပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့သူကလေးငယ်ပေါင်း (၈၉) ‌ဦးနှင့် သက်ဆိုင်ရာမိဘအသီးသီးတို့အား အမှတ်တရမေတ္တာလက်ဆောင်များကို နေအိမ်များဆီသို့သွားရောက်ပေးအပ်ဖြစ်ခဲ့ပါတယ်။ နောင်လာမည့် အနာဂတ်နေ့ရက်များတွင်လည်း ကလေးငယ်များ၏ရည်မှန်းချက်အိပ်မက်များအား အကူအညီအထောက်အပံ့ဖြစ်စေမည့် အခွင့်အလမ်းများကိုပိုမိုအလေးပေးဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ လက်ဆောင်ရရှိသူပြိုင်ပွဲဝင်ကလေးငယ်များနှင့် မိဘများ၏ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်ပုံရိပ်များကို အားလုံးကြည့်ရှုခံစားလို့ရအောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ GGI Nippon Life Official Viber Channel: https://shorturl.at/SHWZy GGI Nippon Life Official YouTube Channel: https://lnkd.in/g7jxyyjH GGI Nippon Life Official TikTok Channel: https://lnkd.in/gXSFmAiA

By |2024-09-17T13:13:03+06:30စက်တင်ဘာ 17th, 2024|Activities|0 Comments

GGI Nippon Life ရဲ့ Culture Day Event မှအမှတ်တရပုံရိပ်များ

ဩဂုတ်လ (၂၄) ရက်နေ့ Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့ Culture Day Event လေးဟာဆိုရင်တော့ GGI Nippon Life ရဲ့ ဝန်ထမ်းများက မိသားစုညီကိုမောင်နှမများသဖွယ် နွေးထွေးစွာဖြင့် လုပ်ငန်းအတွေ့အကြုံများ၊ ဗဟုသုတများကိုဝေမျှကာ ဂိမ်းတွေအတူဆော့ခဲ့ကြတဲ့ ပျော်ရွှင်ဖွယ်ရာနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်။Culture Day ဆိုတဲ့နာမည်လေးနဲ့အညီ လုပ်ငန်းခွင်နည်းစနစ်တွေ၊ ရှေ့ဆက်လုပ်ငန်းခရီးလမ်းမှာ အကျိုးပြုမယ့် နည်းလမ်းကောင်းတွေ စတာတွေကိုဝေမျှခဲ့ရုံသာမက ဝန်ထမ်းတွေရဲ့နေ့စဉ်လုပ်ငန်းခွင်မှာ‌ ပျော်ရွှင်မှုတွေပြည့်နှက်ကာ လုပ်ငန်းဆောင်တာတွေတိုးတက်စေဖို့ ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့တာဖြစ်ပြီး ပွဲတစ်လျှောက်ပုံရိပ်လေးတွေ၊ အမှတ်တရလေးတွေကို အားလုံးကြည့်ရှုလို့ရအောင် ဝေမျှပေးလိုက်ရပါတယ်။

By |2024-09-12T11:36:17+06:30စက်တင်ဘာ 12th, 2024|Activities|0 Comments