Paint Your Future ကလေးပန်းချီပြိုင်ပွဲ

ပြီးခဲ့တဲ့အောက်တိုဘာလ (၂၇) ရက်နေ့မှာတော့ GGI Nippon Life Insurance နဲ့ iCentral Group of Companies Limited တို့ အတူပူးပေါင်းပြီး Paint Your Future ကလေးပန်းချီပြိုင်ပွဲကို ပါရမီလမ်းမှာရှိတဲ့ iCentral ကျောင်းခွဲမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ Paint Your Future ဆိုတဲ့ ပြိုင်ပွဲခေါင်းစဥ်နာမည်လေးအတိုင်းပဲ ကလေးငယ်များဟာမိမိတို့ရဲ့ အနာဂတ်ရည်မှန်းချက်များကို ပန်းချီပုံရိပ်လေးများအဖြစ် ပုံဖော်ရေးဆွဲကာ အားတက်သရောယှဥ်ပြိုင်ခဲ့ကြပါတယ်။ ကျောင်းသားကျောင်းသူ ပြိုင်ပွဲဝင်ကလေးငယ်များအား ဆုတံဆိပ်များနှင့် အမှတ်တရလက်ဆောင်များကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ကလေးငယ်များအားလုံး ပျော်ရွှင်တက်ကြွစွာဖြင့် ပြိုင်ပွဲဝင်ခဲ့ကြတဲ့ Paint Your Future ပြိုင်ပွဲလေးဟာ ကလေးငယ်များအတွက်သာမက ကျွန်ုပ်တို့ GGI Nippon Life မိသားစုအတွက်ပါ နောင်လာမယ့်နှစ်ပေါင်းများစွာအထိ အမှတ်တရလေးတစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့မှာကတော့ အသေအချာပဲဖြစ်ပါတယ်...

By |2024-10-30T14:54:49+06:30အောက်တိုဘာ 30th, 2024|Activities|0 Comments

အောင်မြင်မှုဆီသို့ ကူးခတ်ရာဝယ်

GGI Nippon Life Insurance ရဲ့ Internship Program (Corporate Planning) တွင် Internship အဖြစ်တက်ရောက်ခဲ့သော မောင်ဖုန်းပြည့်ဟန် သည် အရည်အချင်းရှိပြီး စိတ်အားထက်သန်လှတဲ့ လူငယ်တစ်ယောက်ဖြစ်သည့် အပြင် ဇူလိုင်လ ( ၃၀ ) ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ကျင်းပခဲ့သော 2024 အိုလံပစ် အမျိုးသားမီတာ (၁၀၀) ရေကူးပြိုင်ပွဲ Preliminary Heat 1 ပြိုင်ပွဲစဥ်မှာ ကိုယ်ပိုင်စံချိန်သစ်အနေနှင့် ( ၅၅.၅၆ ) စက္ကန့်ဖြင့်ပန်းဝင်ခဲ့ပါတယ်… အိုလံပစ်ပြိုင်ပွဲဝင် မောင်ဖုန်းပြည့်ဟန်အား GGI Nippon Life Insurance မှဝမ်းမြောက်ဂုဏ်ပြုကြောင်းနှင့် ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းမှာ အောင်မြင်မှုတွေပြည့်နှက်ပြီး မိမိရည်ရွယ်ရာ ရည်မှန်းချက် ပညာရေးပန်းတိုင်တွေကိုလည်း အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေလို့ မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

By |2024-10-10T16:07:16+06:30အောက်တိုဘာ 10th, 2024|Activities|0 Comments

Mandalar Hospital နှင့် GGI Nipponlife Insurance တို့ပူးပေါင်းပြီး ၀န်ထမ်းများအတွက် Basic Life Support (BLS) သင်တန်းပို့ချခြင်း

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃) ရက်နေ့မှာတော့ GGI Nippon Life Mandalay ရုံးခွဲ (၂) တွင် Mandalar Hospital မှ Basic Life Support (BLS) အရေးပေါ်အသက်ကယ်နည်းသင်တန်းနှင့် ရှေးဦးသူနာပြုစုနည်းသင်တန်းများကို ဝန်ထမ်းများအားလာရောက်သင်ကြားပေးခဲ့ပါတယ်။ လက်တွေ့ပြန်လည်အသုံးချနိုင်မယ့် အသက်ကယ်နည်းစနစ်များအား ဝန်ထမ်းများမှ အားတက်သရောသင်ယူလေ့လာခဲ့ကြတဲ့ အမှတ်တရပုံရိပ်များကို အားလုံးပဲကြည့်ရှုခံစားလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

By |2024-10-08T16:00:54+06:30အောက်တိုဘာ 8th, 2024|Activities|0 Comments