By life_admin|2025-01-23T11:02:51+06:30ဇန်နဝါရီ 23rd, 2025|Activities|ကွန်မင့်များပိတ်ထား on Winter Festival Customer Lucky Draw
Corporate Yoga Program
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ GGI Nippon Life ရဲ့ Corporate Yoga Program ကို Corporate Customer များနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ Balance Fitness မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာဆိုရင် Yoga & Activity Class များကို ဝင်ရောက်ပါဝင်ခဲ့သူအမြောက်အများရှိခဲ့ပြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ သင်တန်းများတစ်လျှောက်လုံးမှာ Teacher Snow မှလာရောက်သင်ကြားပေးခဲ့ပြီး Activity များအတူတူပြုလုပ်ခဲ့ကြကာ အပျော်တန်းပြိုင်ပွဲလေးများလည်းကျင်းပခဲ့တာကြောင့် အမှတ်ရဖွယ်အခိုက်အတန့်လေးများဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာဆုရရှိသူများကိုလည်း Crystal Water Bottle များနှင့် Yoga Mat များကိုအမှတ်တရလက်ဆောင်များအဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတစ်လျှောက်ပုံရိပ်များကိုလည်း အားလုံးကြည့်ရှု့ခံစားလို့ရအောင်မျှဝေပေးလိုက်ရပါတယ်။
Career Bridge Job Fair
လာမယ့် ဇန်နဝါရီလ (၁၂) ရက်နေ့၊ တနင်္ဂနွေနေ့ မှာတော့ GGI Nippon Life Insuranc မှ Job Space နှင့် Achieve Career တို့အတူပူးပေါင်းပြီး "Career Bridge“ လို့အမည်ရတဲ့အလုပ်အကိုင်အခွင့်အလမ်းပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းနဲ့နာနတ်တောလမ်းထောင့်မှာရှိတဲ့ GGI Nippon Life ရုံးချုပ်မှာ ကျင်းပပြုလုပ်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းပွဲမှာဆိုရင် ဒီနေ့အလုပ်လာလျှောက်၊ ဒီနေ့အင်တာဗျူးဖြေပြီး ဒီနေ့ပဲအလုပ်ရသွားနိုင်မယ့် အခွင့်အရေးကြီးလည်းရှိနေတာကြောင့်ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ စိန်ခေါ်မှုတွေကအသင့်စောင့်ကြိုနေမှာဖြစ်လို့ ဆက်ဆက်လာရောက်ကြဖို့ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ ကြိုတင်စာရင်းသွင်းရန် Link :https://forms.gle/ST7htA6qVqt4csaY8