GGI သည် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာ့အာမခံလုပ်ငန်းလောကမှာ ဂုဏ်သိက္ခာအရှိဆုံးဆိုတဲ့ နာမည်တစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ အာမခံကုမ္ပဏီတစ်ခုပါ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေကြေးကိစ္စရပ်တွေ အဆင်ပြေချောမွေ့နေစေဖို့အတွက် အကာအကွယ်ပေးမယ့် အာမခံလုပ်ငန်းတွေကို လိုအပ်လာတယ်လို့ GGI က ထင်မြင်သုံးသပ်မိပါတယ်။ ဒါကြောင့် GGI အနေနဲ့ လူကြီးမင်းတို့ တန်ဖိုးအထားရဆုံးအရာတွေကို အကာအကွယ်ပေးမယ့် အထူးအာမခံဝန်ဆောင်မှုတွေပေးစွမ်းဖို့ ကြိုးစားနေတဲ့အတွက် လူကြီးမင်းတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖို့ ယုံကြည်ချက်ကိုလည်း ရရှိစေမှာပါ။
GGI သည် ၂၀၁၉ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အသက်အာမခံလုပ်ငန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Nippon Life နဲ့ လက်တွဲလိုက်ပြီဖြစ်ပါတယ်။ ထိုကဲ့သူတို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ GGI ရဲ့ ပြည်တွင်းအတွေ့အကြုံတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့် အာမခံအမျိုးအစားသစ်တွေကို ဝန်ဆောင်မှုပေးသွားမှာဖြစ်လို့ မိတ်ဆွေတို့ရဲ့ အနာဂတ်ဘဝကို လုံခြုံကြွယ်ဝစေမှာ အမှန်ပါ