ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ GGI Nippon Life ရဲ့ Corporate Yoga Program ကို Corporate Customer များနှင့်အတူ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ Balance Fitness မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာဆိုရင် Yoga & Activity Class များကို ဝင်ရောက်ပါဝင်ခဲ့သူအမြောက်အများရှိခဲ့ပြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။
သင်တန်းများတစ်လျှောက်လုံးမှာ Teacher Snow မှလာရောက်သင်ကြားပေးခဲ့ပြီး Activity များအတူတူပြုလုပ်ခဲ့ကြကာ အပျော်တန်းပြိုင်ပွဲလေးများလည်းကျင်းပခဲ့တာကြောင့် အမှတ်ရဖွယ်အခိုက်အတန့်လေးများဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲမှာဆုရရှိသူများကိုလည်း Crystal Water Bottle များနှင့် Yoga Mat များကိုအမှတ်တရလက်ဆောင်များအဖြစ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတစ်လျှောက်ပုံရိပ်များကိုလည်း အားလုံးကြည့်ရှု့ခံစားလို့ရအောင်မျှဝေပေးလိုက်ရပါတယ်။