feature-image

မိသားစုအကာအကွယ်စုငွေအသက်အာမခံ ဆိုတာဘာလဲ?

လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ မိသားစုအကာအကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် အရွယ်မတိုင်မီ အသက်ဆုံးရှုံးတဲ့အခါ ငွေကြေး အထောက်အပံ့ရစေဖို့ ရည်ရွယ်တဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

အသက် (၁၈) နှစ်မှ (၆၀) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

(၃) နှစ်၊ (၄) နှစ်၊ (၅) နှစ်

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

အနည်းဆုံး ကျပ်သိန်း (၅၀) မှသိန်း (၂၅၀) အထိ

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်

အဓိက အကျိုးခံစားခွင့်များ

  • နှစ်စေ့ပေါ်လစီအရ အာမခံထားငွေကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် အပြည့်အဝ တလုံးတည်းထုတ်ပေးခြင်း။
  • အသက်အာမခံထားသူ၏ မမျှော်လင့်ထားသောဖြစ်ရပ်များကြုံတွေ့ရမှုကြောင့် အရွယ်မတိုင်ခင်သေဆုံးသည့်အခါ သေဆုံးမှုအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ အပြည့်အဝတလုံးတည်း ထုတ်ပေးခြင်း။
  • ပေးသွင်းသည့် ပရီမီယံပမာဏအပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။

အဓိက ထူးခြားချက်များ

အာမခံသက်တမ်းတစ်ခုလုံးအတွက် ပရီမီယံကြေးကို အလီလီခွဲသွင်းစရာမလိုဘဲ တစ်ကြိမ်တည်းသာ ပေးချေဖို့လိုအပ်ပါတယ်။

သင့်စုငွေကာလနဲ့ ဘဝရည်မှန်းချက်တို့အပေါ်မူတည်ပြီး အာမခံသက်တမ်းကို (၃) နှစ်၊ (၄) နှစ် သို့မဟုတ် (၅) နှစ် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ငါးနှစ်သက်တမ်းပေါ်လစီအတွက် အာမခံထားငွေစုစုပေါင်းရဲ့ (၇၁%) သာ ပေးသွင်းဖို့လိုအပ်ပါတယ်။

နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

ပရီမီယံကြေးအား ဘဏ်မှဖြစ်စေ၊ ချက်လက်မှတ်ဖြင့်ဖြစ်စေ တလုံးတည်းပေးသွင်းနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် တရားဝင်လာရောက်နေထိုင်ကြသော နိုင်ငံခြားသားများ အနေဖြင့် ဝယ်ယူနိုင်ပါသည်။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

ခရီးသွားအာမခံ

မြန်မာနိုင်ငံဟာ အရင်ကထက် အများကြီး ပိုမိုတိုးတက် ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံအတွင်းက လူတွေဟာလည်း ပြည်တွင်းမှာရော ပြည်ပကိုပါ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ခရီးသွားနေကြပါပြီ။

လွယ်ကူမြန်ဆန်အသက်အာမခံ

မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း တို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင်

ပြင်းထန်သောရောဂါကုသမှုအာမခံ

ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာတို့လိုမျိုး ပြင်းထန်တဲ့ရောဂါတွေအတွက် ဝယ်ယူနိုင်တဲ့အာမခံပါ။