လုပ်သားပြည်သူ အသက်အာမခံက အများပြည်သူတွေ အားထားရမယ့် အာမခံအမျိုးအစားတစ်ခုပါ။ မတော်တဆထိခိုက်မှုတွေကစပြီး ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအဆုံး မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ အတိုင်းအတာတစ်ခုအထိ ငွေကြေးအထောက်အပံ့ ရရှိလိုတဲ့ မြန်မာ ပြည်သူ / ပြည်သားအားလုံးအတွက် ဒီပေါ်လစီက မရှိမဖြစ်ပါပဲ။
အသက်ဆုံးရှုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ကို ကြုံတွေ့ရတဲ့အခါ ဝင်ငွေထိခိုက်ပြီး မိသားစုဝင်တွေပါ နစ်နာကြရပါတယ်။ လုပ်သားပြည်သူ အသက်အာမခံက အဲဒီလိုနစ်နာဆုံးရှုံးမှုတွေကို ကာကွယ်ပေးမှာဖြစ်ပြီး ကိုယ့်လုပ်ငန်းနဲ့မိသားစုရဲ့ အနာဂတ်အတွက်ပါ ရင်းနှီးမြှုပ်နှံထားနိုင်မှာပါ။
အသက် (၁၆) နှစ်မှ (၆၀) နှစ်အထိ
(၁) နှစ်
အနည်းဆုံး ကျပ် (၁) သိန်းမှ အများဆုံး ကျပ်သိန်း (၅၀) အထိ
အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်
လုပ်သားပြည်သူ အသက်အာမခံက အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် ဆေးရုံတက်ကုသရခြင်းတို့အတွက် ငွေကြေးအထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ ဒီပေါ်လစီက အာမခံထားငွေထက်ပိုမိုတဲ့ ထပ်ဆင့်အကျိုးခံစားခွင့်များ ရရှိနိုင်တဲ့ တစ်ခုတည်းသောအာမခံဖြစ်ပါတယ်။
အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်ဒဏ်ရာရရှိမှု အကျိုးခံစားခွင့် (၃) ကြိမ် ရရှိပြီးဖြစ်စေကာမူ သေဆုံးမှုအကျိုးခံစားခွင့်နှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းအကျိုးခံစားခွင့်များ ထပ်မံရရှိမှာ ဖြစ်ပါတယ်။
သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။
အာမခံကြေးသည် အာမခံထားငွေ၏ ၁% အားတစ်ကြိမ်သာ ပေးသွင်းရန်လိုအပ်ပါသည်။
မတော်တဆထိခိုက်မှုကြောင့်ဆေးရုံတက်ရပါက တစ်ကြိမ်လျှင်အများဆုံး (၅) ရက်ထိ တက်ရောက်နိုင်ပြီး တစ်နှစ်ကို အများဆုံး (၃) ကြိမ်ထိ တက်ရောက်နိုင်ပါသည်။
အသက်ဆုံးရှုံးခြင်းနှင့် ထာဝစဥ်မသန်စွမ်းဖြစ်ခဲ့ပါက အကျိုးခံစားခွင့်အား တလုံးတည်းရရှိပါမည်။
သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။
မြန်မာနိုင်ငံဟာ အရင်ကထက် အများကြီး ပိုမိုတိုးတက် ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံအတွင်းက လူတွေဟာလည်း ပြည်တွင်းမှာရော ပြည်ပကိုပါ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ခရီးသွားနေကြပါပြီ။
လုပ်သားပြည်သူ အသက်အာမခံက အများပြည်သူတွေ အားထားရမယ့် အာမခံပါ။ မတော်တဆထိခိုက်မှုတွေကစပြီး ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း