လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ ဆိုတာကတော့ နှုန်းထားသက်သာတဲ့အာမခံကြေးကို ပေးသွင်းရုံနဲ့ ကိုယ်တန်ဖိုးထားချစ်ခင်ရသူတွေ မကျန်းမာတဲ့အခါ၊ မတော်တဆမှုဖြစ်တဲ့အခါတို့မှာ ကာကွယ်ထောက်ပံ့ပေးမယ့် အာမခံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
ဒီအာမခံက ပုံမှန်ကျန်းမာရေးအာမခံနဲ့ ဆင်တူပေမယ့် အာမခံကြေးပိုသက်သာတာမို့ အခြေခံအာမခံ ထားရှိလိုတယ်၊ ဒါမှမဟုတ် ငွေကြေးသုံးစွဲမှု လျှော့ချလိုတယ်ဆိုရင် ရွေးချယ်ဖို့ အသင့်တော်ဆုံးပါပဲ။
အသက် (၆) နှစ်မှ (၇၅) နှစ်အထိ
(၁) နှစ်
အနည်းဆုံး (၁) ယူနစ်မှစတင်ထားရှိနိုင်ပါသည်
အာမခံကြေးကို တလုံးတည်း တစ်ကြိမ်သာပေးသွင်းရပါမည်
နမူနာနှုန်းထားကို အသက် (၆)နှစ်မှ (၃ဝ) နှစ်အတွင်းရှိ အာမခံလျှောက်ထားသူပေါ် အခြေခံ၍ ဖော်ပြထားပါသည်။
ဒီအာမခံပေါ်လစီက ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ကုသခြင်း၊ မတော်တဆမှုဖြစ်ခြင်းနဲ့ မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အကာအကွယ်ပေးပါတယ်။ အနည်းဆုံးပရီမီယံ တစ်လ ၅ဝဝဝ ကျပ် ပေးသွင်းရုံနဲ့ ဆေးရုံတက်ကုသရတဲ့အခါ နေ့စဉ် ၅ဝဝဝ ကျပ် (အများဆုံး ရက် ၆ဝ အထိ) ထုတ်ပေးမှာဖြစ်ပြီး မတော်တဆမှုကြောင့်သေဆုံးတဲ့အခါ ကျပ် ၅ဝဝ,ဝဝဝ ထုတ်ပေးမှာပါ။
မိတ်ဆွေအနေနဲ့ ပရီမီယံနှုန်းထားသက်သာပြီး အနာဂတ်မှာရင်းနှီးမြှုပ်နှံဖို့ ရိုးရှင်းတဲ့အာမခံမျိုးကို ရှာဖွေနေတယ်ဆိုရင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံပေါ်လစီက အသင့်တော်ဆုံးပါပဲ။
သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။
အများပြည်သူတတ်နိုင်သည့်နှုန်းထားဖြင့် အခြေခံကျန်းမာရေးလိုအပ်ချက်များအားရရှိခံစားနိုင်ရန် ရည်ရွယ်ပါသည်။
လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံကို (၁) ယူနစ်မှ စတင်ဝယ်ယူနိုင်ပါသည်။
သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။
မြန်မာနိုင်ငံဟာ အရင်ကထက် အများကြီး ပိုမိုတိုးတက် ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံအတွင်းက လူတွေဟာလည်း ပြည်တွင်းမှာရော ပြည်ပကိုပါ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ခရီးသွားနေကြပါပြီ။
ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာတို့လိုမျိုး ပြင်းထန်တဲ့ရောဂါတွေအတွက် ဝယ်ယူနိုင်တဲ့အာမခံပါ။
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း