ပြင်းထန်သောရောဂါကုသမှုအာမခံဆိုတာ နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါတို့လိုမျိုး ပြင်းထန်တဲ့ရောဂါတွေအတွက် ဝယ်ယူနိုင်တဲ့အာမခံအမျိုးအစားတစ်ခုပါ။ ပြင်းထန်တဲ့ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးမှာဖြစ်ပြီး သာမန်ထက်ပြင်းထန်တဲ့ရောဂါတစ်ခုခု ဖြစ်လာခဲ့မယ်ဆိုရင် အာမခံထားငွေကို တလုံးတည်းထုတ်ပေးမှာဖြစ်ပါတယ်။
ပြင်းထန်တဲ့ရောဂါတွေဆိုတာ ဖြစ်မလာနိုင်ပါဘူးလို့ အနာဂတ်ကို မှန်းဆလို့မရနိုင်တဲ့အတွက် ကြိုတင်အကာအကွယ်ယူထားဖို့ လိုအပ်ပါတယ်။ ဘယ်သူမဆို ရောဂါဖြစ်လာတဲ့အခါမှာ ဆေးကုသစရိတ်အတွက် ပူပန်စရာမလိုဘဲနဲ့ ပြန်လည်ကျန်းမာလာဖို့ကိုပဲ အာရုံစိုက်ချင်ကြမှာပါ။ အဲဒီအတွက် ပရီမီယံနှုန်းထားသက်သာတဲ့ ပြင်းထန်သောရောဂါကုသမှုအာမခံက အကောင်းဆုံးအကူအညီပါပဲ။
အသက် (၆) နှစ်မှ (၆၀) နှစ်အထိ
(၁) နှစ်
အနည်းဆုံး (၁) ယူနစ်မှ (၁၀) ယူနစ်အထိ
(၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ်
ပြင်းထန်ရောဂါ (၁၀)မျိုးအထိ အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုးကို ကုသရတဲ့အခါ အာမခံထားငွေကို တစ်လုံးတည်းအမြန်ဆုံးထုတ်ပေးမှာ ဖြစ်တဲ့အတွက် စိတ်အေးလက်အေး ဆေးကုသနိုင်မှာပါ။
သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။
ပြင်းထန်သောရောဂါကုသမှု အာမခံတွင် ရောဂါ (၁၀) မျိုးအား အကာအကွယ် ရရှိမည်ဖြစ်ပါသည်။
ပြင်းထန်သောရောဂါကုသမှု အာမခံတွင် ပရီမီယံကျသင့်သည့်ငွေပမာဏမှာ တစ်ဦးနှင့်တစ်ဦး အသက်အရွယ်ကွာခြားမှုအရ မတူညီနိုင်ပါ။
သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။
သင့်အနာဂတ်အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ ချေးငွေပေးဆပ်မှု အကာအကွယ် အသက်အာမခံဟာ ဘဏ်တွေ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ အခြားဘဏ္ဍာရေးအဖွဲ့အစည်းတွေဆီကနေ ငွေချေးယူသူ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့်
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း
စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ အကာအကွယ်ရနိုင်တာကြောင့် စိတ်အေးချမ်းလုံခြုံစေမယ့် ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။