feature-image

မိဘမေတ္တာပညာရေးအာမခံ ဆိုတာဘာလဲ?

မိမိရင်သွေးငယ်သားသမီးများ၏ ပညာရေးခရီးလမ်းကို လျှောက်လှမ်းနေစဥ်မှာ မျှော်လင့်မထားသော ဖြစ်ရပ်များကြောင့် ပညာရေးကို ထိခိုက်စေနိုင်မည့် အန္တရာယ်များမှ ကာကွယ်ပေးနိုင်ပြီး အနာဂတ်ပညာရေး ခရီးလမ်း ဖြောင့်ဖြူးစေရန်အတွက်  မိဘများကိုယ်တိုင်ကြိုတင် ဝယ်ယူထားနိုင်သော ပညာရေးအာမခံ အမျိုးအစားတစ်ခု ဖြစ်ပါသည်။ အနာဂတ်တွင် ကုန်ကျလာနိုင်သည့် ပညာသင်စရိတ်များအား မိဘမေတ္တာပညာရေး အာမခံ ထားရှိခြင်းဖြင့် ကြိုတင် စီမံထားနိုင်ပါသည်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

ရက် (၃၀) မှ (၁၂) နှစ်အထိ

အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား
အာမခံဝယ်ယူသူ၏အသက်အပိုင်းအခြား

အသက် (၁၈) နှစ်မှ (၅၅) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

(၈) နှစ်မှ (၁၉) နှစ်အထိ

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

အနည်းဆုံး ကျပ် (၁၀) သိန်းမှ အများဆုံး ကျပ်သိန်း (၁၀၀၀) အထိ

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

(၁) လတစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ်၊ (၁) နှစ်တစ်ကြိမ်

အဓိက အကျိုးခံစားခွင့်များ

  • အာမခံထားသူ ရင်‌သွေးငယ်၏ အသက် (၁၇) နှစ်မှစ၍ ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့်အားရရှိနိုင်ခြင်း။
  • အာမခံထားသူ ရင်သွေးငယ် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဥ်မသန်စွမ်းဖြစ်ခြင်းအတွက်  အကျိုးခံစားခွင့်ရရှိနိုင်ခြင်း။

  • အာမခံသက်တမ်းအတွင်း အာမခံဝယ်ယူသူ မိဘသေဆုံးလျှင် (သို့) ထာဝစဥ်မသန်စွမ်း ဖြစ်လျှင် ကျန်ရှိသော ပေးသွင်းရမည့် အာမခံကြေး အား ကင်းလွတ်ခွင့်ရရှိနိုင်ခြင်း။

အဓိက ထူးခြားချက်များ

ကလေးငယ်အတွက်သာမက အာမခံဝယ်ယူသူ ဖခင် (သို့) မိခင် အတွက်ပါ အကာအကွယ်ရရှိနိုင်ခြင်း။

ကလေးငယ်၏ အသက် (၁၇) နှစ်မှစ၍ အသက် (၁၈) နှစ်၊ (၁၉) နှစ်၊ (၂၀) နှစ်တို့တွင် ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၅% ကျစီ (၄) ရစ်အညီမျှခွဲ၍ နှစ်စဥ်ရရှိနိုင်ခြင်း။

သင်၏အာမခံကိုအလွယ်တကူတွက်ချက်ပါ။

သင့်အာမခံစျေးနှုန်းကို တွက်ချက်ရန် လွယ်ကူပြီး လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်သည်။

အသေးစိတ်လေ့လာနိုင်ရန်အတွက် လက်ကမ်းစာစောင်ကို ရယူလိုက်ပါ

မေးလေ့မေးထရှိသော မေးခွန်းများ

ကလေးငယ်၏ အသက်ပေါ်မူတည်၍သာလျှင် သတ်မှတ်ထားသော အာမခံသက်တမ်းအား ထားရှိနိုင်ပါသည်။

အသက် (၃) နှစ်အောက် ကလေးငယ်များ မတော်တဆ အသက်ဆုံးရှုံးခဲ့လျှင် အကျိုးခံစားခွင့် အဖြစ် အာမခံထားငွေ၏ ၂၅ % ကိုရရှိမှာဖြစ်ပြီး၊ (၃) နှစ်အထက် ကလေးငယ်များအတွက် အကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၁၀၀ % အပြည့်ကိုရရှိမှာဖြစ်ပါသည်။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

စိတ်ကြိုက်စီမံ ဘဝအာမခံ

စိတ်ကြိုက်စီမံဘဝအာမခံဆိုသည်မှာ အနာဂတ် ကိုမျှော်မှန်း၍ မိသားစု ဘဏ္ဍာ‌‌ရေး အခက်အခဲ ကို လုံခြုံစေရန် ဂရုတစိုက်စဥ်းစားခြင်းဖြင့် မိသားစုရပ်တည်မှု အကျိုးခံစားခွင့်ကို ပါထည့်သွင်း ဖန်တီးထားသော တမူထူးခြားသည့် အသက်အာမခံ အမျိုးအစား ဖြစ်ပါသည်။

စိတ်ကြိုက်ကျန်းမာရေးအာမခံ

စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ  အကာအကွယ်ရနိုင်တာကြောင့် စိတ်အေးချမ်းလုံခြုံစေမယ့် ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။

စိတ်ကြိုက်စုငွေ အသက်အာမခံ

စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း