စိတ်ကြိုက်ကျန်းမာရေးအာမခံဆိုသည်မှာ သာမာန်ရောဂါများသာမက ပြင်းထန်ရောဂါများအတွက်ပါ အကာအကွယ်ရရှိနိုင်သော ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါသည်။ နှစ်ရှည်ကျန်းမာရေးအတွက် ကြိုတင်စီစဉ်ထားရှိနိုင်ပြီး နောင်ဆယ်စုနှစ် (၂)စု တိုင်အောင် ကျန်းမာရေးအတွက် စိတ်ချရနိုင်မှာပဲဖြစ်ပါသည်။
မြန်မာနိုင်ငံသားများ၏ ဘဝနေထိုင်မှုပုံစံနှင့်အညီ အာမခံအကာအကွယ်ပမာဏကိုလည်း အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲထားသောကြောင့် မမျှော်လင့်ထားသည့် ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များနှင့် ပိုမိုပြင်းထန်ကျယ်ပြန့်သော ကျန်းမာရေးပြဿနာများကိုပါ အကောင်းဆုံးကိုင်တွယ် ဖြေရှင်းပေးနိုင်ပါသည်။
ရက် (၃၀) မှ (၇၅) နှစ်အထိ
အနည်းဆုံး (၁) နှစ်မှ အများဆုံး (၂၀) နှစ်
အနည်းဆုံး (၁) ယူနစ်မှစတင်ထားရှိနိုင်ပါသည်။
(၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်
အာမခံအကာအကွယ်ကို အများဆုံး နှစ် (၂၀) အထိ ရရှိနိုင်ခြင်း
နှစ်ရှည်ကျန်းမာရေး အာမခံအမျိုးအစားဖြစ်သော်လည်း ကျန်းမာရေးစစ်ဆေးမှုကို အာမခံဝယ်ယူစဥ် တစ်ကြိမ်သာ ပြုလုပ်ရန်လိုအပ်ခြင်း
နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာ စသည့်ပြင်းထန်သော ရောဂါများအပြင် မတော်တဆထိခိုက်မှုများအတွက် ခွဲစိတ်ကုသခြင်း၊ ဆေးရုံတက်ကုသခြင်း တို့အတွက်ပါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။
ဝယ်ယူပြီးအများဆုံး နောင်လာမည့် နှစ် ၂၀ အထိ အာမခံအကာအကွယ်ကို ရရှိမည်ဖြစ်ပါသည်။
စိတ်ကြိုက်ကျန်းမာရေးအာမခံကို အခြား ငွေစုအသက်အာမခံများနှင့် တွဲဖက်ဝယ်ယူခြင်းဖြင့်လည်း ထပ်ဆောင်းအကာအကွယ်ရယူနိုင်ပါသည်။
ကင်းလွတ်ခွင့်ကာလဆိုသည်မှာ အာမခံဝယ်ယူသူများအတွက် အာမခံသက်တမ်းစတင်သည့်နေ့မှစ၍ (၂၁) ရက်အထိ ပေါ်လစီပယ်ဖျက်ခြင်း (သို့) ရပ်စဲခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အရေးတစ်ရပ်အနေဖြင့် အာမခံဝယ်ယူသူအား ပေးအပ်ထားခြင်းဖြစ််ပြီး ရပ်စဲမည်ဆိုပါက အဆိုပါအာမခံအမျိုးအစားအတွက် ပေးသွင်းထားသော ပရီမီယံငွေကို အာမခံဝယ်ယူထားသူထံသို့ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
သင့်ဘဝ၏နေထိုင်မှုပုံစံ၊ ဝင်ငွေ နှင့်ကိုက်ညီသော အသက်အာမခံကို ဝယ်ယူနိုင်ရန်အတွက် အခုပဲ ဆက်သွယ်လိုက်ပါ။
စိတ်ကြိုက်စီမံဘဝအာမခံဆိုသည်မှာ အနာဂတ် ကိုမျှော်မှန်း၍ မိသားစု ဘဏ္ဍာရေး အခက်အခဲ ကို လုံခြုံစေရန် ဂရုတစိုက်စဥ်းစားခြင်းဖြင့် မိသားစုရပ်တည်မှု အကျိုးခံစားခွင့်ကို ပါထည့်သွင်း ဖန်တီးထားသော တမူထူးခြားသည့် အသက်အာမခံ အမျိုးအစား ဖြစ်ပါသည်။
စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း
လူကြီးမင်းတို့ရဲ့အနာဂတ် စိတ်ချရအောင် စီစဉ်ထားနိုင်ဖို့ အခွင့်အလမ်းတွေပိုများလာပါပြီ။ မိသားစုအကာအကွယ်စုငွေအသက်အာမခံနဲ့ဆိုရင် ကာလတစ်ခုအထိ ရည်မှန်းထားတဲ့ငွေပမာဏကို စုဆောင်းမိဖို့နဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်