feature-image

စိတ်ကြိုက်စုငွေ အသက်အာမခံ ဆိုတာဘာလဲ?

စိတ်ကြိုက်စုငွေ အသက်အာမခံ ဆိုသည်မှာ မျှော်လင့်မထားသော ဖြစ်ရပ်များအတွက် အရေးပေါ်ငွေကြေး လိုအပ်ချက်များရှိလာပါက မိမိအနာဂါတ်စုငွေကို ထိခိုက်မှုမရှိစေဘဲ လွယ်ကူစွာဖြေရှင်းပေးနိုင်ပြီး၊ ရှင်သန်မှု အကျိုးခံစားခွင့်ကို လိုအပ်ပါကထုတ်ယူခြင်း၊ ဆက်လက်စုဆောင်းခြင်းဖြင့် အတိုးနှုန်း ရရှိခြင်းတို့ကို စိတ်ကြိုက်‌ရွေးချယ်နိုင်သော စုငွေအာမခံ အမျိုးအစားဖြစ်ပါသည်။

အာမခံသက်တမ်းအတွင်း အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့လျှင်လည်း အကျိူးခံစားခွင့်အား တလုံးတည်း ရရှိနိုင်ပြီး အာမခံသက်တမ်း စေ့သည်အထိ ပေါ်လစီတည်မြဲနေပါက နှစ်စေ့အကျိုးခံစားခွင့် ပြန်လည်ရရှိနိုင်ပါသည်။

အာမခံထားသူ၏အသက်အပိုင်းအခြား
အာမခံထားသူ၏အသက်အပိုင်းအခြား

ရက် (၃၀) မှ (၇၀) နှစ်အထိ

အာမခံထားနိုင်သည့်သက်တမ်း
အာမခံထားနိုင်သည့်သက်တမ်း

(၅) နှစ်၊ (၁၀) နှစ်၊ (၁၅) နှစ်

အာမခံထားနိုင်သည့်ငွေပမာဏ
အာမခံထားနိုင်သည့်ငွေပမာဏ

အနည်းဆုံး ကျပ် (၁၀) သိန်းမှစတင်ထားရှိနိုင်ပါသည်

အာမခံကြေးပေးသွင်းခြင်း
အာမခံကြေးပေးသွင်းခြင်း

(၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်

အဓိက အကျိုးခံစားခွင့်များ

  • နှစ်စေ့အကျိုးခံစားခွင့် – နှစ်စေ့ချိန်တွင် အာမခံထားငွေ ၁၀၀ % ကို  ရရှိနိုင်ခြင်း။
  • ရှင်သန်မှုအကျိုးခံစားခွင့် – အာမခံထားသူသည် အာမခံသက်တမ်းအတွင်း အသက်မဆုံးရှုံးဘဲ ပေါ်လစီ ဆက်လက်တည်မြဲ နေပါကသက်မှတ်ထားသောနေ့ရက်များတွင်  ရှင်သန်မှု အကျိုးခံစားခွင့်ကို ရရှိနိုင်ခြင်း။
  • ရှင်သန်မှုအကျိုးခံစားခွင့် စုဆောင်းမှုနှင့် အတိုးခံစားခွင့် – ရှင်သန်မှုအကျိုးခံစားခွင့်အား ထုတ်ယူခွင့်ပြုသည့်အချိန်တွင် မထုတ်ယူဘဲ နှစ်စေ့သည့် အချိန်ထိ ဆက်လက်ထားရှိနိုင်ပြီး အတိုးနှုန်းအား စုဆောင်းထားနိုင်ခြင်း။
  • အာမခံအကာအကွယ် – အာမခံထားသူ အသက်ဆုံးရှုံးခြင်း (သို့) ထာဝစဥ်မသန်စွမ်းဖြစ်ပါက အာမခံထားငွေအား အကျိုးခံစားခွင့် အဖြစ် အပြည့်အဝ တလုံးတည်း ရရှိနိုင်ခြင်း။

အဓိက ထူးခြားချက်များ

အာမခံသက်တမ်း (၁၅) နှစ်တွင် အများဆုံးအကျိုးခံစားခွင့် ၁၈၀% အထိ ရရှိနိုင်ခြင်း။

ပေးသွင်းသည့် ပရီမီယံပမာဏအပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်ရှိခြင်း။

သင်၏အာမခံကိုအလွယ်တကူတွက်ချက်ပါ။

သင့်အာမခံစျေးနှုန်းကို တွက်ချက်ရန် လွယ်ကူပြီး လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်သည်။

နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

သင်လိုအပ်သမျှကို ရှာဖွေပါ၊ ယနေ့တွင် နောက်ထပ်အချက်အလက်များကို လော့ခ်ဖွင့်ပါ။

မေးလေ့မေးထရှိသော မေးခွန်းများ

ရွေးချယ်ဝယ်ယူထားသော အာမခံသက်တမ်းအပေါ် မူတည်၍ အနည်းဆုံး အာမခံသက်တမ်း (၂)နှစ် ပြီးသည့်နောက်တွင်သတ်မှတ်ထားသော ရာခိုင်နှုန်း အတိုင်းထုတ်ယူနိုင်ပါသည်။

ရှင်သန်မှုအကျိုးခံစားခွင့် အတိုးနှုန်းပြောင်းလဲမှုရှိသည့်အခါတွင် ကုမ္ပဏီ၏ Website မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

လိုအပ်သည့်အချက်အလက်များနှင့် စာရွက်စာတမ်းများ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ထားပါက ရုံးတက်ရက် (၅) ရက်အတွင်း နှစ်စေ့အကျိုးခံစားခွင့်ငွေအား တလုံးတည်း ထုတ်ယူနိုင်ပါသည်။

ဘယ်အာမခံဝယ်ရမလဲ မသေချာဘူးလား?

သင့်ဘဝနေထိုင်မှုပုံစံနှင့် ဘတ်ဂျက်နှင့်ကိုက်ညီသော ရွေးချယ်မှုများဖြင့် အချိန်တိုအတွင်း သင့်အတွက် သင့်လျော်သော အာမခံအစီအစဉ်ကို ရှာဖွေပါ။

အခြားဆက်စပ် ၀န်ဆောင်မှုများ

ခရီးသွားအာမခံ

မြန်မာနိုင်ငံဟာ အရင်ကထက် အများကြီး ပိုမိုတိုးတက် ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံအတွင်းက လူတွေဟာလည်း ပြည်တွင်းမှာရော ပြည်ပကိုပါ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ခရီးသွားနေကြပါပြီ။

လွယ်ကူမြန်ဆန်အသက်အာမခံ

မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း တို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင်

စိတ်ကြိုက်စုငွေ အသက်အာမခံ

စိတ်ကြိုက်စုငွေ အသက်အာမခံဆိုတာ အာမခံအကျိုးခံစားခွင့်တွေ အပြည့်အဝရရှိနိုင်တဲ့အပြင် ရှင်သန်မှုအကျိုးခံစားခွင့်ကို လိုအပ်ပါက ထုတ်ယူခြင်း