နေ့စဥ်ဘဝမှာ ရေပုံမှန်သောက်သုံးပေးခြင်းက ကိုယ်ခန္ဓာကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတာဖြစ်လို့ ဒီတစ်ပါတ်မှာတော့ ရေများများသောက်သုံးပေးခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက (၅) ချက်ကို အားလုံးပဲဗဟုသုတရအောင် မျှဝေပေးလိုက်ရပါတယ်။
(၁) အစာကြေလွယ်စေခြင်း
အစာစားပြီးတိုင်းရေသောက်ပေးပါက အစာချေဖြတ်ခြင်းကို အထောက်အကူပြုပေးတာဖြစ်လို့ အစာကြေလွယ်စေပြီး အစာမကြေဖြစ်တဲ့ဝေဒနာတွေမှလည်း သက်သာစေပါတယ်။
(၂) ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း
ရေများများသောက်သုံးပေးခြင်းက အစာကြေလွယ်စေပြီး ဝမ်းပျော့စေတာကြောင့် ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
(၃) အဆိပ်အတောက်တွေကိုဖယ်ရှားပေးခြင်း
ခန္ဓာကိုယ်အတွင်းရှိအဆိပ်အတောက်တွေကို ဆီး၊ ဝမ်းနှင့် ချွေးတို့မှတဆင့် ဖယ်ရှားပေးရာတွင် ရေများများသောက်သုံးပေးခြင်းဟာ အဓိကကျတဲ့အရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။
(၄) အသားအရေလှပလာစေခြင်း
ရေများများသောက်သုံးပေးပါက ခန္ဓာကိုယ်အတွင်းရှိအဆိပ်အတောက်တွေကို လျော့ကျစေပြီးအသားအရေကို ရေဓာတ်ပြည့်ဝစေတာကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းတွေကိုလည်း လျော့ကျစေပါတယ်။
(၅) ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ခြင်
အစာမစားခင်ရေသောက်ပေးခြင်းက မလိုအပ်ဘဲအလွန်အကြွံစားသုံးခြင်းကို လျော့ကျစေနိုင်ပြီး ကယ်လိုရီဓာတ်တွေနည်းစေတာကြောင့် ကိုယ်အလေးချိန်မြှင့်တက်လာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
အခုပြောပြသွားတဲ့အချက်လေးတွေကနေတဆင့် ရေများများသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကို သိရှိနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။