ဇွန်လ (၁၅) ရက်နေ့က ကန်တော်ကြီး၊ ဗိုလ်ချုပ်ပန်းခြံမှာ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့တဲ့ ကျွန်တော်တို့ GGINL Joy Club ရဲ့ Running Program ကတော့ ပါဝင်ဆင်နွှဲသူ GGI Nippon Life Members တွေရဲ့ အပြုံးပန်းတွေနဲ့အတူ ပျော်ရွှင်ဖွယ်ရာအတိဖြစ်ခဲ့ပါတယ်။
GGI Nippon Life Joy Club ဆိုတာကတော့ Zumba, Yoga နဲ့ Running Program တို့ပါဝင်တာဖြစ်ပြီး GGI Nippon Life ရဲ့ Member တွေကို ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝတစ်ခု ရရှိစေဖို့အဓိကရည်ရွယ်ပါတယ်။
Running Program ရဲ့အဓိကဆောင်ပုဒ်ဖြစ်တဲ့ Run for Joy, Joy for Health ဆိုတဲ့အတိုင်း GGI Nippon Life ရဲ့ Member တွေဟာ အပြေးအားကစားကြောင့် ပျော်ရွှင်ရယ်မောခဲ့ကြရရုံသာမက ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းကြောင့် ကောင်းကျိုးများစွာကိုပါ ရရှိခဲ့ပါတယ်။
ဒါ့အပြင် နည်းပြဆရာရဲ့စနစ်တကျ သင်ကြားပြသမှုနှင့်အတူ စနစ်တကျအသက်ရှူနည်း၊ မပြေးခင်စနစ်တကျ အကြောလျှော့နည်းနဲ့ ပြေးနေစဉ်အတွင်း စနစ်တကျပြေးနည်း အစရှိတဲ့အခြေခံနည်းစနစ်တွေကိုပါ မျှဝေပေးခဲ့ပါတယ်။
အစီအစဉ်တစ်လျှောက် ပျော်ရွှင်စွာပါဝင်ခဲ့ကြတဲ့ အမှတ်တရပုံရိပ်များထဲမှအချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
နောက်လာမယ့်လတွေမှာလည်း GGINL Joy Club Running Program ကိုဆက်လက်ကျင်းပပေးသွားမှာဖြစ်လို့ GGI Nippon Life ရဲ့ Social Media Channel တွေမှတဆင့် စောင့်မျှော်ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။