2024 Olympics ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများထဲမှ တစ်ဦးအပါအဝင်အဖြစ် ကိုဖုန်းပြည့်ဟန်က ဝင်ရောက်ယှဥ်ပြိုင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ GGI Nippon Life Insurance မှအလွန်ပင်ဝမ်းသာဂုဏ်ယူမိပါတယ်။ ဇူလိုင်လ ( ၃၀ ) ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပခဲ့တဲ့ အမျိုးသားမီတာ (၁၀၀) ရေကူးပြိုင်ပွဲတွင် ကိုဖုန်းပြည့်ဟန်ဟာ ကိုယ်ပိုင်စံချိန်သစ်အနေနှင့် ( ၅၅.၅၆ ) စက္ကန့်ဖြင့်ပန်းဝင်ခဲ့တာဖြစ်ပြီး Preliminary Heat 1 ပြိုင်ပွဲစဥ်မှာ မြန်မာနိုင်ငံကိုယ်စားပြုချန်ပီယံအဖြစ် ဒုတိယဆုကိုထိုက်တန်စွာ ယူဆောင်လာနိုင်ခဲ့ပါတယ်။

ကိုဖုန်းပြည့်ဟန်ဟာ ပြိုင်ပွဲအတွင်းပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်များထဲမှာမှ အသက်အငယ်ဆုံး ရေကူးအားကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ GGI Nippon Life Insurance မှာလည်း အလုပ်သင်ဝန်ထမ်းတစ်ယောက်အ‌နေနှင့် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ရေကူးအားကစားတင်သာမက အသက်အာမခံလုပ်ငန်းကိုပါ စိတ်ဝင်တစားရှိလှတဲ့ ကိုဖုန်းပြည့်ဟန်ရဲ့ ရှေ့ဆက်ရမယ့်ဘဝခရီးလမ်းမှာ အောင်မြင်မှုတွေပြည့်နှက်ပြီး မိမိရည်ရွယ်ရာ ရည်မှန်းချက်ပန်းတိုင်တွေကို လည်း အမြန်ဆုံးလျှောက်လှမ်းနိုင်ပါစေလို့ ကျွန်တော်တို့ GGI Nippon Life Insurance မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။