MTB Bank နှင့် GGI Nippon Life Insurance တို့ရဲ့  “Building a Stronger Future Together”  ပွဲကို မေလ (၁၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသောဧည့်သည်‌တော်များ၊ MTB Bank နှင့် Grand Guardian Nippon Life Insurance Co., Ltd ဘက်မှ သက်ဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကတော့ MTB Bank နှင့် GGI Nippon Life Insurance တို့ အနာဂါတ်တွင် ရေရှည်ပူပေါင်းမှုနှင့်အတူ Customer များအား ဘဏ်လုပ်ငန်းနှင့် အသက်အာမခံလုပ်ငန်းကြား အဆင်ပြေချောမွေ့ သည့် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးစွမ်းနိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဤလက်တွဲလုပ်ဆောင်မှုသည် ကုမ္ပဏီအဖွဲ့အစည်း (၂)ခု၏ ပူးပေါင်းဆောင်ရွက်မှုတစ်ခုမျှသာမဟုတ်ပဲ ကျွမ်းကျင်မှုများ၊ ဆန်းသစ်တီထွင်မှုများနှင့် တူညီသည့်အမြင်များကိုပေါင်းစည်းပြီး လုပ်ဆောင်သွားကြမည့် ခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။