ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့က GGI Nippon Life အဖွဲ့သားတွေနဲ့ Central International School – CIS က သားသားမီးမီးတို့ ပူးပေါင်းပြီး ဖန်တီးခဲ့ကြတဲ့ “Paint Your Future” ပန်းချီပြိုင်ပွဲရဲ့ အမှတ်တရ ဗီဒီယိုလေး ရောက်ရှိလို့လာပါပြီ!
ကလေးတို့ရဲ့ ဖြူစင်တဲ့ စိတ်ကူးအိမ်မက်တွေကို စုတ်ချက်လှလှလေးတွေနဲ့ ပုံဖော်ခဲ့ကြတဲ့အပြင်၊ ပျော်စရာ “Paint the Wall” နံရံဆေးရောင်ခြယ်ပွဲ၊ အမှတ်တရလက်ဆောင်တွေနင့် စိတ်လှုပ်ရှားဖွယ် အင်တာဗျူး အစီအစဉ်လေးတွေနဲ့ ရိုက်ကူးထားတဲ့ သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို အတူတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ 💖
ဖြူစင်တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့ ကလေးတို့နဲ့ ကူညီပံ့ပိုးပေးခဲ့ကြသူများ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်…
