မေတ္တာအပြည့်နဲ့ ဖျော်စပ်ထားတဲ့ ကော်ဖီတစ်ခွက်စီတိုင်းနဲ့အတူ အမှတ်တရပေါင်းများစွာ ဖန်တီးနိုင်ခဲ့တဲ့ အထူးအစီအစဉ်လေး အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ
ဒီနေ့မနက် My Hope Cafeteria မှာပြုလုပ်ခဲ့တဲ့ အစီအစဉ်လေးမှာတော့ Down Syndrome လူငယ်လေးတွေ ကိုယ်တိုင် ဖျော်စပ်ပေးတဲ့ ကော်ဖီနွေးနွေးလေးတွေနဲ့အတူ လာရောက်အားပေးကြသူများရဲ့ မေတ္တာတုံ့ပြန်မှုတွေကြောင့် ကြည်နူးစရာ အခိုက်အတန့်လေးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ကော်ဖီခွက်တိုင်းမှာ သူတို့ရဲ့ စိတ်စေတနာနဲ့ ယုံကြည်မှုတွေ အပြည့်အဝပါဝင်နေတာကို မြင်တွေ့ခဲ့ရတာ တကယ်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ အချိန်ပေးပြီး လာရောက်အားပေးကြသူများအားလုံးနှင့်တကွ ကူညီပံ့ပိုးပေးတဲ့ မြန်မာနိုင်ငံဥာဏ်ရည်မသန်စွမ်းသူများအဖွဲ့ချုပ် နဲ့ My Hope Cafeteria ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်…
အနာဂတ်မှာလည်း အခုလို လူငယ်လေးတွေရဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ဖော်ထုတ် ပံ့ပိုးပေးသွားဦးမယ့် အစီအစဉ် တွေကို ပြုလုပ်ပေးသွားဉီးမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်…
📸 ပွဲနေ့မှ ပျော်ရွှင်ဖွယ် အမှတ်တရပုံရိပ်လေးများကို စုစည်းဖော်ပြပေးလိုက်ပါတယ်

