GGI Nipppon Life ရဲ့ CAREER BRIDGE 2026 JOB FAIR ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ စိတ်အားထက်သန်စွာနဲ့ လာရောက်လျှောက်ထားခဲ့ကြတဲ့ အလုပ်ရှာဖွေသူများနဲ့ ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ပေးခဲ့ကြသူတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဒီပွဲကနေတစ်ဆင့် လူငယ်များစွာအတွက် အနာဂတ် လမ်းကြောင်းသစ်တွေကို တစ်ဖက်တစ်လမ်းကနေ ဖော်ဆောင်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ ပီတိဖြစ်ရသလို၊ ပွဲကို တက်ရောက်ခဲ့ကြသူတွေ အားလုံးလည်း မိမိတို့ မျှော်မှန်းထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

