GGI Nippon Life အသက်အာမခံဝန်ထမ်းများရဲ့ နောက်ထပ်လူမှုကူညီရေးအစီအစဉ်တစ်ခုအဖြစ် ပြီးခဲ့တဲ့ဇူလိုင်လ ၈ ရက်နေ့ မှာ
ရန်ကုန်မြို့ Myanmar National Association of the Blind မှ မသန်စွမ်းကလေးငယ်များအတွက်
အသံလှူဒါန်းမှုအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။ အကြားအာရုံဖြင့် အနာဂတ်ဘဝတွင် ပိုမိုကောင်းမွန်စေဖို့အတွက် သုတရသနှင့် ဗဟုသုတဖြစ်ဖွယ်
အကြောင်းအရာများကို နားဆင်သိရှိခံစားရစေရန်ရည်ရွယ်ချက်ဖြင့်
သွားရောက်လှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။ GGI Nippon Life ဝန်ထမ်းများရဲ့ အသံလှူဒါန်းခဲ့မှုပုံရိပ်များကို ထပ်တူဝမ်းမြောက်
ကြည်နူးစေဖို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

