Yoga အားကစားနည်းဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ပေါ်ပေါက်ခဲ့တဲ့အားကစားနည်းတစ်ခုပါ။ စိတ်ရောကိုယ်ပါအနားယူခြင်းအတွက် Yoga ကစားပေးခြင်းဟာ အလွန်ထိရောက်တဲ့အားကစားနည်းတစ်ခုဖြစ်ပါတယ်။
GGI Nippon Life ရဲ့ Member တွေလည်း လုပ်ငန်းခွင်တွေထဲမှာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ပြေပျောက်သွားစေအောင် GGI Nippon Life Joy Club အစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Yoga Club မှာအတူတကွ လာရောက်ကစားဖို့အတွက် ကိုယ့်ရဲ့ GGI Nippon Life ပေါ်လစီနံပါတ်နဲ့အတူ Registration ပြုလုပ်လို့ရနေပါပြီ။
ပွဲကျင်းပမယ့်ရက်တွေကတော့ ဇွန်လ (၁၅) ရက်နေ့မှစပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ စိတ်ရောကိုယ်ပါအပန်းပြေပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့ အားကစားနည်းတစ်ခုဖြစ်လို့ GGI Nippon Life ရဲ့ Members တွေအားလုံး အတူပါဝင်လို့ရအောင် အောက်မှာဖော်ပြထားတဲ့ Link လေးထဲဝင်ပြီး အခုပဲ Register ပြုလုပ်လိုက်ပါ။
ပွဲကျင်းပမည့်အချိန်- 9:00 am to 10:00 am
ပွဲကျင်းပမည့်ရက် – 15.6.2026 မှစ၍ အပါတ်စဥ်တနင်္ဂနွေနေ့တိုင်း
ပွဲကျင်းပမည့်နေရာ- Super Gym (မြေနီကုန်း Happy World ကစားကွင်းအနီး၊ ရွှေရည်စားသောက်ဆိုင်နှင့်ကပ်လျက်)
စာရင်းပေးသွင်းရန် Link – https://gginipponlife.com/joy-club-registration-form/