လက်ရှိ ရေဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှ ဒေသခံမိသားစုများအတွက် GGI Nippon Life မိသားစုနှင့် အာမခံ Policyရှင်များ၏ မေတ္တာအပြည့်ဖြင့် လှူဒါန်းမှုများမှတစ်ဆင့် ရေဘေးသင့်ပြည်သူတွေအတွက်လိုအပ်တဲ့ ဆေးဝါးများ၊ အာဟာရမုန့်များနှင့် ရေသန့်များကို သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။
လိုအပ်ချိန်တိုင်းမှာ အမြဲတမ်း ဘေးနားကနေ လက်တွဲကူညီ ရပ်တည်ပေးသွားဖို့က GGI Nippon Life ရဲ့ ကတိကဝတ်ဖြစ်ပါတယ်။
အေးချမ်းသာယာသော နေ့ရက်များကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
