စိတ်ကြိုက်ကျန်းမာရေးအာမခံဟာဆိုရင် အသေးစားရောဂါများသာမက ပြင်းထန်ရောဂါအတွက်ပါ အကာအကွယ်ရနိုင်တာကြောင့် ပြီးပြည့်စုံတဲ့ ကျန်းမာရေးအာမခံတစ်ခုဖြစ်ပါတယ်။ အာမခံသက်တမ်း နှစ်(၂၀) အများဆုံးထိဝယ်ယူနိုင်မယ့် တစ်ခုတည်းသော အာမခံအမျိုးအစားဖြစ်တာကြောင့်လည်း နှစ်ရှည်ကျန်းမာရေးအတွက် စီစဉ်ထားသင့်ပြီး နောက်ဆယ်စုနှစ် (၂)ခုတိုင်အောင် ကျန်းမာရေးအတွက် စိတ်ချထားလို့ရနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသားရဲ့ ဘဝနေထိုင်မှုပုံစံနှင့်လိုက်ဖက်ပြီး အာမခံအကာအကွယ်ပမာဏကိုလည်း အံဝင်ခွင်ကျဖြစ်စေရန်ရေးဆွဲထားတာကြောင့် မမျှော်လင့်ထားသော ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်များနဲ့ ပိုမိုပြင်းထန်ကျယ်ပြန့်သောကျန်းမာရေးပြဿနာများကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ စိတ်ကြိုက်ကျန်းမာရေးအာမခံနဲ့ ကျန်းမာတဲ့အနာဂတ်အတွက်သေချာအောင် ဒီနေ့ပဲကတိပြုလိုက်ပါ။
ထူးခြားချက်များ
- အခြေခံရောဂါကုသမှုများအတွက်သာမက ပြင်းထန်သောမတော်တဆ ထိခိုက်မှုနှင့် ပြင်းထန်သောရောဂါကုသမှုများအတွက်ပါ အာမခံအကာအကွယ်ရရှိနိုင်ခြင်း
- အာမခံအကာအကွယ်ကို အများဆုံးနှစ်(၂၀) အထိ ရရှိနိုင်ခြင်း
- သင်ကိုယ်တိုင်အတွက်သာမက သင်ချစ်ရသောသူများအတွက်ပါ ဝယ်ယူနိုင်ခြင်း
- နှစ်ရှည်ကျန်းမာရေးအာမခံ အမျိုးအစားဖြစ်ပေမယ့် ကျန်းမာရေး စစ်ဆေးမှုများကို အာမခံ ဝယ်ယူစဥ် တစ်ကြိမ်သာ ပြုလုပ်ရန် လိုအပ်ခြင်း
- သင့်တင့်သော ပရီမီယံနှုန်းထားများနှင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်စေရန် ဖန်တီးဆောင်ရွက်ထားခြင်း
- GGI Nippon Life မှ စုငွေအသက်အာမခံများနှင့် တွဲဖက်၍ ဝယ်ယူလျှင် ပိုမိုသက်သာသော ပရီမီယံအကျိုးခံစားခွင့်အား ရရှိနိုင်ခြင်း
- ကင်းလွတ်ခွင့် ကာလ (Free Look Period) (၂၁) ရက် ရှိခြင်း
- အတွင်းလူနာများအတွက် ငွေသားမလိုအပ်ဘဲ ဝန်ဆောင်မှုရရှိနိုင်ခြင်း
အဓိကအကျိုးခံစားခွင့်များ
- ဆေးရုံတက်ကုသရခြင်း အတွက် အကျိုးခံစားခွင့်
- ခွဲစိတ်ကုသခြင်း အတွက်အကျိုးခံစားခွင့်
- တစ်လုံးတည်းအကျိုးခံစားခွင့်
- ဆေးရုံဆေးခန်းပြသခြင်း အတွက် အကျိုးခံစားခွင့်
- ထာဝစဥ်မသန်မစွမ်းဖြစ်ခြင်း / အသက်ဆုံးရှုံးခြင်းအတွက် အကျိုးခံစားခွင့်