လွယ်ကူရိုးရှင်း သက်သာမြန်ဆန် အားလုံးအတွက် အသက်အာမခံ

မျှော်လင့်မထားတဲ့ဖြစ်ရပ်တစ်ခုခုကြောင့် အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းတို့ကြုံတွေ့ရတဲ့အခါ အာမခံအကာအကွယ်ရရှိစေမယ့်အပြင် မြန်မာနိုင်ငံအတွင်းက လူတန်းစားမရွေး သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လွယ်ကူရှင်းလင်းမြန်ဆန်စွာ ဝယ်ယူနိုင်မယ့် အကောင်းဆုံးအသက်အာမခံဖြစ်ပါတယ်။

လွယ်ကူမြန်ဆန် အသက်အာမခံကိုထားရှိခြင်းဖြင့် မိမိ မိသားစုအနာဂတ်အတွက် လုံခြုံနွေး ထွေးမှုကို ရရှိစေပြီး တန်ဖိုးထား ချစ်ခင်ရတဲ့မိသားစုဝင်တစ်ဦးဦး မမျှော်လင့်တဲ့အခြေအနေကြုံတွေ့ရတဲ့အခါ မိသားစုဝင်အားလုံးရဲ့ အခြေခံလိုအပ်ချက်တွေကို အထိုက်အလျောက်ဖြည့်တင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ထူးခြားချက်များ

  • အနာဂတ်မှာရွေးချယ်စရာတွေနဲ့ပြည့်နက်နေပေမယ့် အမှန်အကန်ဆုံးသောအရာကို ရွေးချယ်ဖို့ရာအတွက် အရိုးရှင်းအလွယ်ကူဆုံးနဲ့ စိတ်ချရတဲ့ အာမခံ အကာအကွယ်အမျိုးအစားတခုဖြစ်တဲ့အပြင် ၊ အာမခံသက်တမ်း နဲ့ ငွေကြေးအသုံးစရိတ်တို့အပေါ်မူတည်ပြီး သင့်ရဲ့အသက်အာမခံကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပေးသွင်းရမယ့်အာမခံကြေး တွေဟာ ဈေးနှုန်းသင့်တင့်တာကြောင့် သင့်တင့်မျှတတဲ့နှုန်းထားနဲ့ လူတိုင်းရဲ့အနာဂတ် လုံခြုံနွေးထွေးမှုကို ရရှိစေနိုင်မှာပါ။
  • ဘဏ်တွေ နဲ့ အသေးစားငွေချေးလုပ်ငန်းတွေမှာ ချေးငွေထုတ်ယူသူတွေအနေနဲ့ နှစ်တို (သက်တမ်း ၁၂လအောက်) ချေးငွေထုတ်ယူရာတွင် လွယ်ကူမြန်ဆန်အသက်အာမခံကို အာမခံချက်အဖြစ် အသုံးပြုနိုင်ပါတယ်။
  • မိတ်ဖက်စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့လည်း လွယ်ကူမြန်ဆန် အသက်အာမခံကို သူတို့ရဲ့ဝန်ဆောင်မှုတွေနဲ့ တွဲဖက်ပြီး ထပ်တိုးအကျိူးခံစားခွင့်အဖြစ် အတူတကွ ရောင်းချနိုင်ပါတယ်။

အဓိကအကျိုးခံစားခွင့်များ

ရွေးချယ်စရာ (၁)

  • အသက်ဆုံးရှုံးမှုအကျိုးခံစားခွင့်အတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။

ရွေးချယ်စရာ (၂)

  • အသက်ဆုံးရှုံးခြင်း/ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက် အာမခံထားငွေကို တလုံးတည်းထုတ်ပေးခြင်း။
  • မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးခြင်း/ မတော်တဆမှုကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများဖြစ်လျှင် အကျိုးခံစားခွင့် ၂ ဆ (အာမခံထားငွေ စုစုပေါင်း၏ ၂၀၀%) ရရှိနိုင်ခြင်း။

မှတ်ချက်: GGI Nippon Life မှမည်သည့်အာမခံအမျိုးအစားကို ဝယ်ယူထားသူမဆို လွယ်ကူမြန်ဆန်အသက်အာမခံကို ထပ်မံဝယ်ယူပါက အကျိုးခံစားခွင့် ၂ ဆနှင့် ထပ်ဆောင်းအကျိုးခံစားခွင့်များစွာကိုရရှိနိုင်မယ့် အခွင့်အရေး

ဆက်သွယ်ရန်

အခြားသိလိုတဲ့အချက်အလက်များ ရှိပါသေးသလား

ကျွန်ုပ်တို့ဘက်မှ ကူညီဖို့အသင့်ရှိပါတယ်။ ယနေ့ပဲ ဆက်သွယ်လိုက်ပါ

ဆက်သွယ်ရန်