GGI Nippon Life အသက်အာမခံသည် ‘ပြည့်ဝမျှတကလေးတို့အာဟာရ’ ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်
Insurance Asia Awards ကို သုံးကြိမ်ဆက်တိုက် လက်ခံရရှိထားသည့် GGI Nippon Life အသက်အာမခံသည် 2023 ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် "ပြည့်ဝမျှတကလေးတို့အာဟာရ" ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ Corporate Social Responsibility (CSR) နှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကိုတည်ဆောက်ကြရာမှာ GGI Nippon Life အသက်အာမခံအနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကလေးများအားပြုစုပျိုးထောင်ခြင်းများအပေါ် မီးမောင်းထိုးပြချင်သည့်ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ "ပြည့်ဝမျှတကလေးတို့အာဟာရ" ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Junction Square Promotion Area ၊ Level 1 တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုလို လျင်မြန်စွာပြောင်းလဲနေသောခေတ်ကြီးတွင် မိဘများအနေဖြင့် သားသမီးများ၏ ကျန်းမာရေး၊ အာဟာရပိုင်းဆိုင်ရာများ နှင့်ပတ်သက်ပြီး သိထားသင့်သည့်အကြောင်းအရာများကို မျှဝေနိင်ဖို့ [...]