Insurance Asia Awards ကို သုံးကြိမ်ဆက်တိုက် လက်ခံရရှိထားသည့် GGI Nippon Life အသက်အာမခံသည် 2023 ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် “ ပြည့်ဝမျှတကလေးတို့အာဟာရ” ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ Corporate Social Responsibility (CSR) နှင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကိုတည်ဆောက်ကြရာမှာ GGI Nippon Life အသက်အာမခံအနေဖြင့် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုနှင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် ကလေးများအားပြုစုပျိုးထောင်ခြင်းများအပေါ် မီးမောင်းထိုးပြချင်သည့်ရည်ရွယ်ချက်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

“ ပြည့်ဝမျှတကလေးတို့အာဟာရ” ပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ Junction Square Promotion Area ၊ Level 1 တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုလို လျင်မြန်စွာပြောင်းလဲနေသောခေတ်ကြီးတွင် မိဘများအနေဖြင့် သားသမီးများ၏ ကျန်းမာရေး၊ အာဟာရပိုင်းဆိုင်ရာများ နှင့်ပတ်သက်ပြီး သိထားသင့်သည့်အကြောင်းအရာများကို မျှဝေနိင်ဖို့ ရည်ရွယ်ပါသည်။ တက်ရောက်လာသူမိခင်များအနေဖြင့်လည်း အာဟာရပိုင်းဆိုင်ရာ အထူးကုဆရာဝန်မကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အပါအဝင် ဒေါက်တာနန်းမြတ်ဖြိုးသင်း၊ ဒေါက်တာမြတ်သီရိမောင်တို့၏ ဟောပြောပို့ချချက်များကို နားလည်းကြားသိခွင့်ရခဲ့ပါသည်။

“ ပြည့်ဝမျှတကလေးတို့အာဟာရ” ပွဲတွင် မျှတသောအစားအစာများ၏ အခြေခံမှသည် ကလေးများ၏ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အာဟာရများပိုင်းဆိုင်ရာများအထိ အရေးပါသော အခန်းကဏ္ဍများကို မိခင်များအား သေချာစွာ နားလည်သဘောပေါက်စေရန် ခေါင်းစဉ်များစွာဖြင့် ဟောပြောပို့ချခဲ့ပါသည်။ ထို့အပြင် နှစ်သက်ဖွယ်ကောင်းပြီး ကလေးများအား အစားစားချင်စိတ်ကိုတိုးပွားစေမည့် Bento ထမင်းဗူးများ ပြင်ဆင်ခြင်းဆိုင်ရာ သင်တန်းများကိုလည်းပြုလုပ်ပေးခဲ့တာကြောင့် မိခင်များအတွက် အသုံးဝင်သောလက်မှုပညာနှင့် အိမ်တွင်းအခြေခံစီးပွားရေးလုပ်ငန်းများကိုလုပ်နိုင်လာစေဖို့ အလားအလာကောင်းများကိုလည်း ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။

ဒီ “ ပြည့်ဝမျှတကလေးတို့အာဟာရ” ပွဲလေးကို ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ မိခင်တွေအနေနဲ့လည်း ဒီလိုအသိပညာပေးဆွေးနွေးပွဲ နဲ့ Bento ထမင်းဗူး လက်တွေ့သင်တန်းကို စိတ်ဝင်တစားနဲ့ တက်ရောက်လာကြတာကိုတွေ့ရပြီး ခုနောက်ပိုင်း ကလေးတွေရဲ့အာဟာရပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုပြီးအလေးထားလာကြတာကိုလည်းတွေ့ရပါတယ်”   ဟု GGI Nippon Life Insurance မှ ဦးကျာ်ထွန်းလင်း၊ [Deputy Chief Operating Officer] က ပြောကြားခဲ့ပါသည်။