ကျန်မာရေးအာမခံအမျိုးအစားအသစ်ဖြစ်သော “FlexiHealth Insurance” ကို မိတ်ဆက်ခြင်းအခမ်းအနား

ဇန်နဝါရီလ (၂၇)ရက်နေ့၊ ၂၀၂၄ ခုနှစ် - GGI Nippon Life Insurance အနေဖြင့် ကျန်မာရေးအာမခံအမျိုးအစားအသစ်ဖြစ်သော “FlexiHealth” ကျန်းမာရေးအာမခံ မိတ်ဆက်ပွဲ အခမ်းအနားကို Melia Hotel Yangon တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အသက်အာမခံအကြံပေးကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော Customer ကြီးများတက်ရောက်ခဲ့ကြပါသည်။ "Knowing FlexiHealth" အခမ်းအနားသည် လူတစ်ဦးချင်းရဲ့ ကျန်းမာရေးလိုအပ်ချက်အလိုက် အဆင်ပြေအောင် ဖန်တီးထုတ်လုပ်ထားသည့် “FlexiHealth” အာမခံအသစ်၏ ထူးခြားချက်များ၊ အကျိုးခံစားခွင့်များကို GGI Nippon Life Insurance မှ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဒါ့အပြင် GGI Nippon Life Insurance သည် Customer များ၏ ငွေကြေးနှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အသက်အာမခံအမျိုးအစားများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး စျေးကွက်ထဲသို့ [...]