ဇန်နဝါရီလ (၂၇)ရက်နေ့၊ ၂၀၂၄ ခုနှစ် – GGI Nippon Life Insurance အနေဖြင့် ကျန်မာရေးအာမခံအမျိုးအစားအသစ်ဖြစ်သော “FlexiHealth” ကျန်းမာရေးအာမခံ မိတ်ဆက်ပွဲ အခမ်းအနားကို Melia Hotel Yangon တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အသက်အာမခံအကြံပေးကိုယ်စားလှယ်များနှင့် အထူးဖိတ်ကြားထားသော Customer ကြီးများတက်ရောက်ခဲ့ကြပါသည်။ “ Knowing FlexiHealth” အခမ်းအနားသည် လူတစ်ဦးချင်းရဲ့ ကျန်းမာရေးလိုအပ်ချက်အလိုက် အဆင်ပြေအောင် ဖန်တီးထုတ်လုပ်ထားသည့် “FlexiHealth” အာမခံအသစ်၏ ထူးခြားချက်များ၊ အကျိုးခံစားခွင့်များကို GGI Nippon Life Insurance မှ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပါသည်။

ဒါ့အပြင် GGI Nippon Life Insurance သည် Customer များ၏ ငွေကြေးနှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အသက်အာမခံအမျိုးအစားများကို စဉ်ဆက်မပြတ် တီထွင်ဆန်းသစ်ပြီး စျေးကွက်ထဲသို့ အာမခံအသစ်များကို ကြိုးစားအားထုတ်ပေးလျက်ရှိပါသည်။ “ FlexiHealth” စိတ်ကြိုက်ကျန်းမာရေးအာမခံနှင့်ပတ်သက်သည့် ထူးခြားချက်များကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလင့်ခ်လေးမှာ (https://bit.ly/48VzrTV)ဝင်ရောက်ကြည့်ရှုနိင်ပြီး ဖုန်းနံပါတ် (၀၉၄၀၀၀ ၈၃၀၀ ၃၊ ၀၉ ၄၀၀၀ ၈၃၀၀ ၄) သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GGI Nippon အသက်အာမခံအကြောင်း

GGI Nippon Life Insurance သည် Customer များရဲ့ ငွေကြေးနှင့်ကျန်းမာရေးဆိုင်ရာ အကျိုးစီးပွားများကို အကာအကွယ်ပေးရန်အတွက် အသက်အာမခံဝန်ဆောင်မှုများကို ဖော်ဆောင်နေသော ကုမ္ပဏီဖြစ်ပါတယ်။
GGI Nippon Life သည် Corporate Social Responsibility ကို အစဉ်အမြဲ ဆောင်ရွက်နေသော ကုမ္ပဏီလည်းဖြစ်ပါတယ်။