“GGINL စိတ်ပိုင်းဆိုင်ရာအထောက်အကူပြု အခမဲ့ (အွန်လိုင်း)အစီအစဉ်” –
လက်တလောဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ သဘာဝဘေးငလျင်ဒဏ်ကြောင့် နှင့် အခြားသောကပ်ဘေးဒဏ်ကြောင့် ခံစားနေရသော မိသားစုဝင်များအတွက်GGI Nippon Life နှင့် Winning Life မိသားစုအနေနဲ့ စာနာခံစားပြီး၊ စိတ်နှလုံး ထိခိုက်ဝမ်းနည်းကြေကွဲရပါတယ်။
ဒီလိုမျိုး ခက်ခဲတဲ့အခြေအနေမှာ စိတ်ဒဏ်ရာရနေပြီး စိတ်နေမကောင်းဖြစ်နေသူတွေ၊ ဝမ်းနည်းကြေကွဲနေရသူတွေ၊ စိုးရိမ်ပူပန်မှုများနေသူတွေအတွက် NLP အခြေပြု စိတ်ပိုင်းဆိုင်ရာ ကနဦးပြုစုစောင့်ရှောက်ခြင်း (Psychological First Aid – PFA) ကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေဖို့ စိတ်အာဟာရလိုအပ်နေသူများအတွက်အခမဲ့အစီစဉ် (Webinar) ကို GGI Nippon Lifeနှင့် Winning Life တို့မှ ကန့်သတ်လူဦးရေ ဖြင့် စီစဉ်မျှဝေပေးလိုက်ပါတယ်။
သဘာဝဘေးအန္တရာယ်အပါအဝင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကာလတွေမှာ တစ်ဦးနှင့်တစ်ဦး လက်ချင်းဆက် ပံ့ပိုးကူညီကြဖို့နဲ့ စိတ်ပိုင်းဆိုင်အထောက်အကူပြုပေးကြဖို့၊ လူ့အဖွဲ့အစည်းမှာရှိနေကြသူတွေအချင်းချင်း အခက်အခဲတွေများကြားက တစ်ဦးနှင့် တစ်ဦးအားပေးနှစ်သိမ့်ပေးတာ၊ စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးတာတွေလုပ်ဆောင်ပြီး စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်စွမ်းအား ပိုမိုမြင့်မားလာဖို့ စတဲ့ရည်ရွယ်ချက်ကြောင့် စီစဉ်တာဖြစ်ပါတယ်။
လူဦးရေအကန့်အသတ်နဲ့ ပြုလုပ်သွားမယ့် ဒီ (Webinar) ကို တက်ရောက်လိုပါက အောက်ပါလင့်ကနေ စာရင်းပေးသွင်းပါ။ လူဦးရေ ကျော်လွန်သွားပါက ငလျင်ဘေးသင့်ဒေသခံများကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးစာရင်းပိတ်ချိန်မှာ ၂.၅.၂၀၂၅ နေ့လည် ၁၂ နာရီတိတိဖြစ်ပါတယ်။
အစီအစဉ်
======
ရက်/နေ့ ။ ။ ၂၀၂၅ခုနှစ်၊ မေလ (၃)ရက်/ စနေနေ့
အချိန် ။ ။ ညနေ(၆)နာရီ မှ ည (၉) နာရီ အထိ
နေရာ။။ ။ Google meet(Online) ဖြင့်ပို့ချပါမည်။
ဆက်သွယ်မေးမြန်းရန်ဖုန်း-
၀၉-၇၈၀၆၂ ၄၆၆၂
၀၉-၈၈၃၀၀ ၂၃၄၀
၀၉- ၄၄၂ ၄၄၆၆၈၈
Webinar တက်ရောက်ရန် အောက်ပါလင့်ကိုနှိပ်ပြီးစာရင်းသွင်းပါ။
————————————