ညဘက်တွေမှာ ကောင်းမွန်စွာအိပ်မပျော်နိုင်တာဟာ ကိုယ့်ရဲ့နေ့စဥ်အမူအကျင့်တွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ တနေ့တာအိပ်ချိန်ရှိသင့်တာဖြစ်လို့ ညဘက်ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ဆိုးကျိုးများစွာရှိလာနိုင်ပါတယ်။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ စတဲ့ကျန်းမာရေးပြဿနာများအပြင် အရွယ်မတိုင်ခင်သေဆုံးတာကဲ့သို့သော အဆိုးဆုံးအခြေအနေတွေအထိပါ ဖြစ်လာနိုင်တာကြောင့် ညဘက်တွေမှာကောင်းမွန်စွာ အိပ်စက်အနားယူနိုင်အောင် လုပ်ဆောင်နိုင်တဲ့အမူအကျင့်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။
- ညအိပ်ရာမဝင်ခင် ဖုန်း၊ ကွန်ပြူတာမသုံးပါနဲ့။
- နေ့ဘက်တွေမှာ တရေးတမောအိပ်ခြင်းကို ရှောင်ပါ။
- ညဘက်အိပ်ရာဝင်ခါနီး ကော်ဖီ၊ အရက်မသောက်ပါနဲ့။
- ကိုယ့်အိပ်ရာကို သက်တောင့်သက်သာရှိအောင်ထားပါ။
- ညဘက်အိပ်ရာဝင်ချိန်ကို နေ့စဥ်ပုံမှန်သတ်မှတ်ပြီး အိပ်ပါ။
ဒီအချက်တွေကို နေ့စဥ်ပုံမှန်ကျင့်သုံးပေးခြင်းအားဖြင့် ညဘက်တွေမှာပိုမိုကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာဖြစ်ပြီး အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာတွေမှလည်း ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။